ဆားပုလင်းမင်းအောင်နှင့် ပလ္လင်ပေါ်က မျောက်

မင်းမြတ်သူရ

800 Kyats ကျပ်
လျှို့ဝှက်ချက်တွေ လှည့်ကွက်တွေ သည်းထိတ်ရင်ဖိုတွေနဲ့ ပြည့်နှက်နေတဲ့ ဝတ္ထုကို ဖတ်ချင်တယ် ဆိုရင်တော့ ဆားပုလင်းမင်းအောင်ပါဝင်တဲ့ ဒီစာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီတစ်ခါမှာတော့ ဆရာမင်းမြတ်သူရက ဆားပုလင်းမင်းအောင်ကို မိန်းမလှလေးတစ်ယောက် ကြိုးကိုင်နေတဲ့ အမှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်စေထားပါတယ်။ ဖတ်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ ပေါ်တူဂီမင်း ဖိလစ်ဒီဘရစ်တို့ဒီနိကိုတီရဲ့ ရတနာသေတ္တာ အမှုနဲ့ စဖွင့်ထားတဲ့ ဒီဝတ္ထုထဲမှာ အမှုပေါင်း သောင်းခြောက်ထောင်နဲ့ ဆားပုလင်းမင်းအောင်တစ်ယောက် ခေါင်းခြောက်ရပုံတွေ မြင်ရမှာပါ။ ထူးဆန်းတာက လူသတ်မှုတိုင်းမှာ သဲလွန်စ စာရွက်လေးတစ်ရွက် တွေ့ရတတ်တာပဲ။ အဲ့ဒီ စာရွက်မှာ ရေးထားတဲ့ ‘ပလ္လင်ပေါ်က မျောက်ကလေး’ ရဲ့ သမိုင်းဟာ ဘယ်လိုလဲ ? ဆားပုလင်းမင်းအောင်ကတော့ ဒီအမှုတွေရဲ့ တရားခံဟာ ချောမောလှပတဲ့ မိန်းမတစ်ယောက်လို့ ဆိုထားပါတယ်။ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထု ကြိုက်သူတွေအနေနဲ့ ဒီစာအုပ်ကို လုံးဝ လက်မလွှတ်သင့်တာပါနော်