ဆားပုလင်းမင်းအောင်နှင့်ပန်းကိုးပွင့်ဒေ၀ီ

မင်းမြတ်သူရ

800 Kyats ကျပ်
ချောမောလှပလွန်းလှတဲ့ မိန်းကလေးကိုးယောက်။ သူတို့ဟာ ပန်းကိုးပွင့်ဒေဝီလို့ အမည်ပေးထားတဲ့ မျက်လှည့်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ ရောက်လေရာ မြို့ရွာတိုင်းမှာ ဆန်းကြယ်လှတဲ့ မျက်လှည့်ပြကွက်တွေနဲ့အတူ ပရိတ်သတ်ကို စွဲဆောင် နိုင်စွမ်းရှိသလို မိန်းမချင်းတောင် မနာလိုဖြစ်ရတဲ့ သူတို့ရဲ့ အလှအပ အရှိုက်အငင်တွေကလည်း ပုရိသတွေကို မျက်လှည့်ပွဲနဲ့ အတူ စွဲငင်ရစ်ပတ်ထားပြန်ပါတယ်။ ဒီလိုနဲ့ ပန်းကိုးပွင့်ဒေဝီမျက်လှည့်အဖွဲ့ရဲ့ မြို့တစ်မြို့က မျက်လှည့်ပွဲစဉ်နောက်ဆုံးညမှာတော့ မြို့ပိုင်အင်္ဂလိပ်အရေး ပိုင်မင်းကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါကလည်း ပန်းကိုးပွင့်ဒေဝီတို့ရဲ့ ဖိတ်စာနှင့်တကွ တကူးတက ဖိတ်ကြားမှု ကြောင့်ပါ။ မျက်လှည့်ပွဲမပြမီမှာ ပန်းကိုးပွင့်ဒေဝီခေါင်းဆောင် မိန်းမချောလေးကိုယ်တိုင် မျက်လှည့်စင်ပေါ်ကနေဆင်းပြီး အရေးပိုင်မင်းကို နှင်းဆီပန်းစည်းကြီးတစ်စည်း ဂုဏ်ပြုလက်ဆောင်ပေးပြန်ပါတယ်။ ဒါပေမယ့် အရေးပိုင်မင်းဟာ ဂုဏ်ပြုမှုကို မကြည်နူးနိုင်ပဲ ထူးဆန်းစွာပဲ မျက်နှာကွက်ကနဲ ပျက်သွားခဲ့ပါတယ်။ ပိုပြီးထူးဆန်းတာက နောက်တစ်နေ့မနက်မှာတော့ အရေးပိုင်မင်းဟာ အိပ်ရာကနေ ထာဝရနိုးထလာနိုင်ခြင်း မရှိတော့ပါဘူး။ ဒီကစလို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ကွက်တွေ ဟာ စာဖတ်သူတို့ကို လက်ကမချတမ်း ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတာ အာမခံဝံ့ကြောင်း ပြောပါ့ရစေ။