ကမ္ဘာကျော်မောင်သာ

မင်းမြတ်သူရ

800 Kyats ကျပ်
သူ့နာမည်ကဖိုးသာ။ စာအုပ်ရဲ့ နာမည်က ကမ္ဘာကျော်မောင်သာဆိုပေမယ့် တကယ်တမ်းဖိုးသာရဲ့ အလုပ်က ကူလီ။ ထမင်းတစ်နပ်စားရဖို့ ခါးကျိုးမတတ် ရုန်းကန်နေတဲ့ဘ၀။ ဒါပေမယ့် ဖိုးသာတစ်ယောက် စိတ်တော့မဆင်းရဲ၊ အလုပ်ကို မခိုကပ်။ သူ့မှာချမ်းသာလိုချင်တဲ့ရည်ရွယ်ချက်ရှိတယ်။ ချမ်းသာတဲ့အကြောင်းကိုလည်း အိပ်မက်မက်လေ့ရှိတယ်။ တစ်နေ့ သူ့ရဲ့ချမ်းသာတဲ့အိပ်မက်အကြောင်းကိုပြောနေရင်း ကူလီအလုပ်တစ်ခုရလို့ ပစ္စည်းလိုက်သယ်ပေးပြီး နတ်ဘုံနတ်နန်းတမျှ ခမ်းနားတဲ့အိမ်ကြီးကို တွေ့ရှိခဲ့တယ်။ အဲဒီအိမ်ကြီးထဲကိုလှည့် ပတ်ကြည့်ရှုဖို့ခွင့်တောင်းရင်း အိမ်ပိုင်ရှင်ကြီးနဲ့တွေ့အချိန်မှာ ဖိုးသာတစ်ယောက်ရဲ့ ဘ၀ဘယ်လိုတွေပြောင်းလဲ သွားမလဲ၊ ဘယ်လိုအချိုးအကွေ့တွေ ဖြတ်သန်းရမလဲဆိုတာကို ဝတ္ထုထဲ ဖတ်ကြည့်လိုက်ရအောင်!