ပြောင်းလဲနေသော ခေတ်နှင့်အညီ အလုပ်အကိုင်ရှာဖွေနည်း

မင်းအောင်မင်း

600 Kyats ကျပ်
မြန်မာနိုင်ငံကြီးဟာ ပြောင်းလဲမှုတွေကို စတင်ဖော်ဆောင်နေပြီဆိုတာ အားလုံးအသိပါ။ ခေတ်က တောင်းဆိုလာတဲ့ ပြောင်းလဲမှုတွေထဲမှာ အလုပ်အကိုင် လုပ်ငန်းဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုတွေနဲ့အတူ ကျွန်တော်တို့ လူသားတွေလည်း လိုက်ပါပြောင်းလဲရမှာပါ။ တကယ်လို့ ကိုယ်က လိုက်ပါပြောင်းလဲနိုင်စွမ်း မရှိရင်တော့ ကိုယ်ရပ်နေတဲ့နေရာကနေ အခြားသူကို ဖယ်ပေးလိုက်ရ ပါလိမ့်မယ်။ ထို့အတူ ကိုယ်လိုချင်တဲ့ နေရာကိုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ ယနေ့ခေတ်မှာ အောင်မြင်ကြီး ပွားလိုစိတ် ရှိတဲ့သူတိုင်း ခဏတာ ဖတ်ရုံတောင်မဟုတ်ဘဲ လက်စွဲထားရမယ့် စာအုပ်ပါ။ ကိုယ်ဟာ လုပ်ငန်းခွင်မှာ သို့မဟုတ် အလုပ်အကိုင် ရှာဖွေတဲ့နေရာမှာ ခေတ်နဲ့အညီ ဘာတွေလိုက်ပါပြောင်းလဲဖို့ လိုနေပြီလဲ။ လိုက်ပါပြောင်းလဲဖို့အတွက် ဘာတွေ လိုအပ်သလဲဆိုတာကို ဒီစာအုပ်က ညွှန်ပြပေးမှာပါ။ သင့်အနာဂတ်အတွက် လမ်းပြမြေပုံလို့သာ မှတ်ယူလိုက်ပါ။