မြတ်လှစွာသော မိန်းမယုတ်

မင်းဟိဏ်းကြယ်

200 Kyats ကျပ်
အချစ်ဆိုတဲ့ ဒြပ်မဲ့အရာကို တန်ဖိုးထားကြသူတွေ ဒီလောကမှာ အများကြီး ရှိသလို၊ အချစ်ကို အယုံအကြည်မဲ့စွာနဲ့ ဆော့ကစားကြသူတွေလည်း အများကြီး ရှိပြန်ပါတယ်။ ဒီအထဲမှာတော့ မင်းသက်ဆိုတဲ့ လူတစ်ယောက်ဟာ အချစ်ကို ဆော့ကစားတတ်တဲ့ လူတွေ အထဲမှာ မပါခဲ့ပါဘူး။ အချစ်ကို မင်းသက် တန်ဖိုးထားပါတယ်။ အချစ်ကို တန်ဖိုးထားလွန်းတဲ့ မင်းသက်အတွက် အချစ်ကတော့ ရှားပါးကုန်ပစ္စည်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ မင်းသက်ရဲ့ဘဝထဲ အချစ်ဆိုတဲ့အရာက တံခါးလာခေါက်ခဲ့တယ်။ ချောမောလှပပြီး သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ဟာ မထင်မှတ်ဘဲ မင်းသက်ဘဝထဲ ဝင်လာခဲ့တယ်။ မင်းသက် ကံကောင်းခဲ့ပါတယ်။ ကံကောင်းတယ်လို့ ဘာကြောင့် ပြောရသလဲဆိုရင် အဲဒီအမျိုးသမီးက မင်းသက်ကို သိပ်ချစ်လို့ပါပဲ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ချစ်တယ်ဆိုတာ ကံကောင်းမှုတစ်ခုပါပဲ။ ကံဆိုးတာကတော့ မင်းသက်နဲ့ ဒီမိန်းကလေးဟာ ဘယ်တော့မှ ဆုံစည်းပေါင်းဖက်ခွင့် မရှိနိုင်တဲ့ လူနှစ်ယောက် ဖြစ်နေတာပါပဲ။ သူတို့ကို ဝေးကွာစေတဲ့ အချက်က ဘာများဖြစ်နေမလဲ။