မြိုင်ဟေ၀န်

မင်းသိင်္ခ

1000 Kyats ကျပ်
ဒီဝတ္ထုကတော့ လွမ်းစရာကောင်းတယ်။ ခပ်ဆွေးဆွေးလေး ဆိုပါတော့။ ပရလောကနယ်ထဲက မြိုင်ဟေဝန်ဆိုတဲ့ မိန်းကလေးနဲ့ မျိုးမြင့်ဆိုတဲ့ လူငယ်တို့ကြားက အဖြစ်အပျက်ကို စွန့်စားခန်းတွေ၊ ပဟေဠိတွေနဲ့ ဆရာမင်းသိင်္ခက ကလောင်စွမ်းပြထားတယ်။ ဒီဝတ္ထုထဲမှာ ဆားပုလင်းနှင်းမောင်လည်း ပါတယ်၊ အဲ့ပြီးတော့ ဘိန်းစားဘွန်ဟောင်းရောပေါ့။ ဘလက်ဘရားသားဂိုဏ်းလည်း ပါဝင်နေသလို သေမင်းနိုင်ငံပိုက်ဆံနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ဇာတ်လမ်းတွေကလည်း ဖတ်ရင်းဖတ်ရင်း ထမင်းမေ့ဟင်းမေ့အထိပါပဲ။ ခပ်ရိုးရိုးပြောရရင်တော့ အချစ်၊ အလွမ်း၊ စွန့်စားခန်းတွေကို ဖတ်ရမှာ။ ထုံးစံအတိုင်း ဝတ္ထုတစ်အုပ်လုံးမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတတွေက တောင်ပုံရာပုံဆိုတော့ စာဖတ်သူတို့လည်း ကြိုက်ရာရွေးယူကြပေါ့ဗျာ။