မြရည်ကံသာ

မင်းသိင်္ခ

1000 Kyats ကျပ်
'အသည်းကောင်းလို့ ပွဲတောင်းတဲ့မောင်' ... 'အသည်းမာလို့ ပွဲလာတဲ့ကောင်' ... 'ဝါးထိုးရင် ဝါးကွဲ၊ နွားထိုးရင် နွားလဲ၊ ငါ့လက်သီးတစ်ချက်ဟာ မင်းအတွက် တစ်သက်စာ ဖြစ်သွားရမယ်၊ ရမ်းမဝင်နဲ့ သူငယ်ချင်း၊ အလှူအိမ် မဟုတ်ဘူး။ အရမ်းဝင်ရင် ကြမ်းပြင်နင်းပြီး ထမ်းစင်နဲ့ ထုတ်သွားရမယ်၊ သတိထား' ဆိုတဲ့ မြန်မာ့လက်ဝှေ့အဆိုတွေကို တွင်တွင်ကြုံးဝါးပြီး လက်ခမောင်း တဖြောင်းဖြောင်းခတ်လို့ ယောက်ျားပီပီ လက်ဝှေ့ကြိမ်းတတ်တဲ့ မောင်မင်းညိုခေါ် ရိုးရာလက်ဝှေ့သမား မောင်ကံသာ။ မျက်နှာကို ပေါင်ဒါဖို့လိုက်၊ ခေါင်းကို ကော်စမစ်တစ်နဲ့ ကော့နေအောင် ဖြီးလိုက်၊ ပုဆိုးကို ခွေးချေးသိမ်းဝတ်လိုက်၊ လမ်းလျှောက်ရင် ကနွဲ့ကလျနဲ့ ဖြူဖတ်ဖြူရော် ပျော့တီးပျော့ဖတ် ခနော်နီခနော်နဲ့ ယောက်ျားမျိုးကို အထင်မကြီးတတ်တဲ့ မြရည်ဆိုတဲ့ မိန်းမချော။ ဆရာမင်းသိင်္ခရဲ့ ရေးနေကျဟန်၊ ဖတ်နေကျဟန်အတိုင်း စုံထောက်နဲ့ လျှို့ဝှက်သည်းဖို ဂမ္ဘီရစွန့်စားခန်း ဝတ္ထုမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာနဲ့ လူ့ဘဝ သရုပ်ဖော် ရသဝတ္ထုအဖြစ် ဖတ်ရှုခံစားကြရမယ့် 'မြရည်ကံသာ' ဝတ္ထုကြီး ဖြစ်ပါတယ်။