ဖြစ်ချင်တာဖြစ်မောင်ဘချစ်

မင်းသိင်္ခ

1000 Kyats ကျပ်
ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဆိုတဲ့ ဝတ္ထုကြီးက ဆရာကြီးမင်းသိင်္ခရဲ့ ဘဝနေနည်းလမ်းညွှန်ကို ရသဝတ္ထုအနေနဲ့ ဇာတ်ကွက်ဆင် ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 'လူတစ်ရာမှာ တစ်ယောက်တောင် ဟန်ကျပန်ကျ ဖြစ်ခဲတဲ့၊ အောင်မြင်ခဲတဲ့ အနု့ပညာအလုပ်၊ ဥပမာ ဘိုင်စကုတ်မင်းသားအလုပ်၊ စာရေးဆရာအလုပ်၊ ဂီတသမားအလုပ်၊ ကြော်ငြာကိုယ်စားလှယ်အလုပ်၊ အသက်အာမခံ ကိုယ်စားလှယ်အလုပ် စတဲ့ အလုပ်မျိုးကို မရွေးချယ်ရဘူးကွ၊ ဒီအလုပ်မျိုးက အောင်မြင်ရင်တော့ အလွန်အင်မတန် ကောင်းပါတယ်၊ မအောင်မြင်ရင် ရေစုန်မျောမယ့် အလုပ်မျိုးတွေကွ၊ ဒါကြောင့် ကြပ်ကြပ်ရှောင်ပါ' ဆိုတဲ့ နီတိ။ ဒီနီတိမျိုးက ဘဝရည်မှန်းချက်ကို သူဌေးဖြစ်ဖို့ ရည်ရွယ်ထားတဲ့ သူတွေအတွက် မောင်ဘချစ်ရဲ့ ဆရာကြီးက မောင်ဘချစ်ကို ဆုံးမခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုကြီးမှာ ဘချစ်ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝလမ်းက အောင်မြင်ခြင်းပန်းတိုင်ကို သွားတဲ့ ခရီးစဉ်၊ မောင်ဘချစ်ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတွေက ယောက်ျားတစ်ရာမှ တစ်ယောက်မရှိနိုင်အောင် ထူးခြားလှပါတယ်။ ပြီးတော့ မောင်ဘချစ် လျှောက်ခဲ့ရတဲ့ ဘဝခရီးလမ်းတစ်လျှောက်က လောကဓံတွေ၊ လောကဓမ္မတွေ၊ လောကနေနည်းတွေက မှတ်သားစရာ အတုယူစရာတွေ အပြည့်နဲ့မို့ ဘဝကို အောင်မြင်တိုးတက်လိုသူတိုင်း ဖတ်သင့်တဲ့ နမူနာယူစရာ ရသဝတ္ထုရှည်ကြီး တစ်ပုဒ်ပါပဲ။