ရေမျောကမ်းတင် အောင်ဗဒင်

မင်းသိင်္ခ

1000 Kyats ကျပ်
>> အောင်ဗဒင်မှာ တခြားမဟုတ် လူအများအားကိုးသဘောကျရတဲ့ စက်လှေတစ်စီး။ အဲဒီစက်လှေနာမည်ကြီးရခြင်းမှာလည်း စက်လှေရဲ့မာလိန်မှူး ကိုလှထွန်းအောင်ကြောင့်။ သူ့စက်လှေကို ဝန်ဆောင်မှုကောင်းအောင်လုပ်တယ်၊ အလုပ်သမား အပြည့်အစုံပါအောင် ဖြည့်ဆည်းထားတယ်၊ စက်လှေထွက်ခါနီး ဘုရားတရားလုပ်ပြီးမှ စက်လှေထွက်တယ်။ ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက သူ့စက်လှေမြုပ်ရင် သူပါလိုက်အမြုပ်ခံပြီး သေမယ်ဆိုတဲ့ ပြင်းထန်တဲ့ခံယူချက်ရှိတာပဲ။ >> သူ့ခံယူချက်ကြောင့်လားမသိ တစ်နေ့ သူ့စက်လှေမြုပ်တော့တာပဲ။ ဒါပေမဲ့ သူက သူ့ဘာသာသူ အသေမခံဘူး။ စက်လှေက ကုန်းပတ်အလုပ်သမားလေး ငမိုးကိုပါ သူနဲ့လိုက်အသေခံခိုင်းတယ်။ ဒီလိုနဲ့ စက်လှေမြုပ်ပြီး လှထွန်းအောင် ဘယ်ပျောက်သွားမှန်းမသိပေမယ့် ငမိုးတစ်ယောက်တော့ ပျဉ်တစ်ချပ်နဲ့ ထဲမျောနေတယ်။ ဒီလိုမျောနေရာကနေ ရေမျောကမ်းတင်ဆိုတဲ့ ဝတ္ထုကောင်းတစ်ပုဒ် စတင်မွေးဖွားလာခဲ့တာပါပဲ။ ဒီဝတ္ထုထဲမှာ တကယ်ကိုကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေ၊ ခန့်မှန်းလို့မရတဲ့ အဖြစ်အပျက်တွေပါသလို ခိုင်မာတဲ့ဇာတ်အိမ်ဖွဲ့စည်းပုံနဲ့ဆိုတော့ တကယ်ကိုဖတ်လို့ကောင်းပါတယ်။