ပေတလူ

မင်းသိင်္ခ

1000 Kyats ကျပ်
“ဒီကလေးဟာ … အလွန်ဉာဏ်ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မအနေနဲ့ သူ့ကို ကျောင်းမထားနိုင်ခဲ့ပါဘူး။ တစ်ခုထူးခြားတာကတော့ ကျွန်မသား တစ္ဆေဖြူကလေးဟာ အသားကျွေးလို့ မရပါဘူး။ ဒါကြောင့် သူဟာ မွေးကတည်းက အသားမစားဖူးပါဘူး။ စားစရာ မရှိရင် အငတ်ခံရရှာတယ်။ မစားဘူး …” ဟု ပြောလေ၏။ ထိုအခါ ဦးတင်ဘက်တူက “အငယ်လေးရဲ့ နာမည်ကရောဗျ …” ဟု မေးလိုက်လေ၏။ “သူကလည်း အတော်ကို ထူးခြားပါတယ်၊ သူ့ကို မမွေးခင်က မက်တဲ့ အိပ်မက်က လူနှစ်ယောက်ဟာ သူ့ကို ချုပ်ပြီး ပါးစပ်ထဲကို အဆိပ်တွေ လောင်းထည့်ပါတယ်၊ သူဟာ ကျွန်မ အိပ်မက်ထဲမှာ တွေ့ရတာ အသက်ခြောက်ဆယ်လောက် ရှိတဲ့ အိုမင်းမစွမ်း ကုလားအဘိုးကြီး တစ်ယောက်ပါပဲ။ အဆိပ်မိပြီး သေအံ့ဆဲဆဲ ဖြစ်နေချိန်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကျွန်မဆီကို ရောက်လာပါတယ်။ နေခွင့်ပေးဖို့ တောင်းပါတယ်။ အဲ့ဒီလို အိပ်မက်မျိုး မြင်မက်ပြီး ……