မနောမယမဟာမြိုင်

မင်းသိင်္ခ

1000 Kyats ကျပ်
ရှေးအခါက ရန်ကုန်မြို့၊ ကင်းဘဲလမ်း (ယခုငါးထပ်ကြီးဘုရားလမ်း)နဲ့ ငါးထပ်ကြီးဘုရားအနီးမှာ နှစ်ထပ်အိမ်ဟောင်း ကြီးတစ်လုံးနဲ့ လယ်ယာစိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ မြေဧကပေါင်းများစွာရှိပါတယ်။ အနီးနားတဝိုက်မှာလည်း လယ်ယာလုပ်ကိုင် စိုက်ပျိုးသူများရှိပါတယ်။ ဒါပေမယ့် အိမ်ဟောင်းကြီးနဲ့ စပ်ဆက်နေတဲ့မြေများပေါ်မှာတော့ ဘယ်သူမှ စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုရဲလောက်အောင် မြေခိုက်မြေကြမ်းအဖြစ် သတ်မှတ်ထားကြပါတယ်။ တစ်နေ့မှာတော့ အဲဒီမြေမှာ စိုက်ပျိုးလုပ်ကိုင်မယ့် လင်မယားနှစ်ယောက်ပေါ်ပေါက်လာပြီးနောက် ထိုလင်မယားနှစ်ယောက်ရဲ့ ဘဝမှာ ဆန်းကြယ်ထူးခြားတဲ့အရာများကို ကြုံတွေ့ခဲ့ရရင်း ‘မနောမယမဟာမြိုင်’ ဝတ္ထုကြီးဖြစ်ပေါ်လာပါတော့တယ်။ ထူးခြားတဲ့ လောကီနယ်လွန်ဖြစ်ရပ်တွေ၊ ပရလောကနဲ့ လူဘုံလောကကြားက အပေးအယူတွေ၊ လူသားတစ်ဦးရဲ့ ကံကြမ္မာအလှည့်အပြောင်းနဲ့ စည်းစိမ်ဥစ္စာတွေဟာ အစစ်အမှန်ဖြစ်တဲ့ ငြိမ်းအေးရာနဲ့ ယှဉ်တဲ့အခါမှာတော့ စက်ဆုပ်ဖွယ်ဖြစ် ကြောင်းဆိုတာတွေကို ဒီဝတ္ထုကြီးမှာ စာဖတ်သူတို့ကို တုန်လှုပ်ဖွယ်၊ အားကျဖွယ်၊ ဝမ်းနည်းဖွယ်၊ ပီတိဖြစ်ဖွယ် ရသမျိုးစုံနဲ့ ဖတ်ရှုခံစားရမှာပါ။