မာဃဝါဇိတ်

မင်းသိင်္ခ

1000 Kyats ကျပ်
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ရန်ကုန်မြို့၊ ကျောက်မြောင်းဘက်မှာ အဆောက်အအုံတစ်ခု ရှိခဲ့ပါတယ်။ အဲဒီအဆောက်အအုံက ထူးခြားတယ်ဗျ။ လူနေအိမ်တွေကြားမှာ ရှိပေမဲ့ ဒီအဆောက်အအုံက အဂ္ဂိရတ်ဆရာတွေ၊ အထက်ဂိုဏ်းဆရာတွေ စုစည်းနေတဲ့ ဌာနချုပ်သဘောပေါ့။ ပြီးတော့ အဆောက်အအုံမှာလည်း ‘သိကြားသာသနာ ရောက်ချိန်နီးပါပြီ’ ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲထားသေးတယ်။ အဲဒီ အထက်ဂိုဏ်းဆရာတွေထဲမှာ မြန်မာဆေးဆရာလည်း ပါတယ်၊ ပယောဂဆရာတွေလည်း ပါတယ်၊ ဈေးသည်ကုန်သည်တွေလည်း ပါတယ်၊ ဗေဒင်ဆရာတွေလည်း ပါတယ်၊ ဒါပေမဲ့ သူတို့ဟာ ညီညွတ်ကြတယ်။ တစ်ဦးကိုတစ်ဦးလည်း ချစ်ခင်ကြတယ်။ သူတို့အားလုံးဟာ ဘာသာရေး လိုက်စားကြတယ်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ကိုယ်စီ၊ ကိုယ်အိတ်ကိုယ်စီ၊ ပုတီးကိုယ်စီနဲ့။ သူတို့ထဲမှာ အသက်သုံးဆယ်ကျော်အရွယ် ကိုမာဃဆိုတဲ့ ဆရာတစ်ယောက် ပါတယ်။ ကိုမာဃဟာ အသက်အရွယ်နဲ့မမျှအောင် ထက်မြက်သတဲ့။ ကဲ … ဒီလောက်ညွှန်းရင်ပဲ ဒီစာအုပ်က ဖတ်ချင်စရာကောင်းမှန်း ရိပ်မိလောက်ပြီ ထင်ပါတယ်နော်။ ဆရာမင်းသိင်္ခရဲ့ ထူးထူးခြားခြား ဇာတ်လမ်းတစ်ပုဒ်ဆိုတာတော့ အထူးပြောစရာ မလိုလောက်တော့ပါဘူး။