မဟာမြိုင်စခန်း အဝင်လမ်း

မင်းသိင်္ခ

1000 Kyats ကျပ်
ဒီစာအုပ်ဟာ ဆရာကြီးမင်းသိင်္ခရဲ့ ဂန္ဓာရီလမ်းစဉ်ကို ထင်ဟပ်နေတဲ့ မှတ်တမ်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။ မဟာဂန္ဓာရီမှတ်တမ်းအဖြစ် သတ်မှတ်ထားတဲ့ ဒီစာအုပ်မှာ ဆရာမင်းသိင်္ခဟာ သူ့ရဲ့ ဂန္ဓာရီခရီး ဖြတ်သန်းမှုကို ဝတ္ထုအသွားပုံစံနဲ့ တင်ပြထားတယ်။ ‘ဦးသူတော်နှင့် မိတ်ဆွေဖြစ်ရခြင်း’ ကစပြီးတော့ ဝတ္ထုတစ်အုပ်လုံးမှာ ထူးဆန်း နက်နဲတဲ့ ဂမ္ဘီရဆိုင်ရာ ကျင့်စဉ်တွေ ဆောင်ရန်ရှောင်ရန်တွေနဲ့ အသုံးချပညာရပ်တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဂန္ဓာရီပညာရပ်အကြောင်း ဂမ္ဘီရဆန်မှုတွေအကြောင်း စိတ်ဝင်စားတယ် လေ့လာဖတ်ရှုချင်တယ် ကိုယ်လည်း လိုက်ပြီး ကျင့်ကြံအားထုတ်ချင်တယ်ဆိုရင် ဒီစာအုပ်က စာဖတ်သူအတွက် မဟာမြိုင်စခန်းအဝင်လမ်းအတွက် လမ်းညွှန်မြေပုံတစ်ခုလို ဖြစ်နေမှာပါ။