မဟာဘုတ်တော် ရာဇဝင်ကျမ်း

မင်းသိင်္ခ

1000 Kyats ကျပ်
...မြန်မာရာဇဝင်မှာ မင်းဆက်များစွာ ရှိပါတယ်။ သရေခေတ္တရာမင်းဆက်က စလို့ ကုန်းဘောင်မင်းဆက်အထိ မင်းဆက်ပေါင်း (၁၂၂) ပါးစလုံးကို မဟာဘုတ် တွက်ရုံမျှမက နန်းတက်သောတိုင် နန်းကျသောတိုင် ဆိုပြီး သုံးတန်ပေါ်နိစ်တိုင်တွေပါ ထူလို့ နန်းကျတဲ့နှစ်မှာ ဒီလိုယတြာချေ၊ ဒီလိုချေရင် နန်းမကျနိုင် ... စတဲ့ ယတြာတွေကိုပါ ပြည့်ပြည့်စုံစုံ ရေးသားပြုစု စီရင်ထားတဲ့ ဆရာမင်းသိင်္ခရဲ့ မဟာဘုတ် ရာဇဝင်တော်ကျမ်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပြုစုရေးသားရတဲ့ ရည်ရွယ်ချက်ကတော့ မဟာဘုတ် ဗေဒင်ပညာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာကို စိတ်ပါဝင်စားသူတွေ လေ့လာနိုင်စေရန် အတွက်ရော၊ သုတေသန ပြုစေနိုင်ရန် အတွက်ရော၊ ယုံကြည်သူတို့ အသုံးပြုနိုင်စေဖို့ အတွက်ပါ ဆရာမင်းသိင်္ခက ရည်ရွယ်ရေးသားခဲ့ကြောင်း ဆိုထားပါတယ်။