ဖီလိုဆိုဖာ ဦးမြသာ

မင်းသိင်္ခ

1000 Kyats ကျပ်
ကျွန်ုပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၆၀) ကျော်က ဆောက်လုပ်ခဲ့သော တိုက်အို တိုက်ဆွေးကြီးတစ်လုံး၏ တတိယထပ်ရှိ အခန်းတစ်ခန်းအား အပျောက်နှင့် ဝယ်ယူကာ နေထိုင်ခဲ့လေ၏။ ထို တိုက်အို တိုက်ဆွေးကြီးမှာ ဗိုလ်ချုပ်ဈေး၏ မျက်စောင်းထိုးလောက်တွင် ရှိ၏။ ၄င်းရှေ့တည့်တည့်၌မူ မီးရထားဌာနမှ ပိုင်သော ကွက်လပ်ကြီးတစ်ခု တည်ရှိ၏။ ကျွန်ုပ်သည် ထိုအခန်းကို ဝယ်ယူပြီးနောက် ပြင်ဆင်၍ နေထိုင်ခဲ့လေ၏။ ကျွန်ုပ် ထိုအခန်းသို့ စတင်ပြောင်းလာသော နေ့၌ပင် ထိုအဆောက်အအုံကြီးကို ကျွန်ုပ်နှင့် တစ်ချနိန်တည်း တစ်နေ့တည်း ပြောင်းရွှေ့လာသူတစ်ဦး ရှိလေ၏။