ဆားပုလင်းနှင်းမောင်နှင့် ဗိုက်ပူသူတော်

မင်းသိင်္ခ

1000 Kyats ကျပ်
ဗိုက်ပူသူတော်အမှုက အတော်လေး စိတ်ဝင်စားစရာကောင်းပြီး ဇာတ်အိမ်ဇာတ်ကွက် အလှည့်အပြောင်းတွေက ဟာခနဲ ဟင်ခနဲ ဖြစ်စေလောက်ပါတယ်။ ဒီစာအုပ်ထဲမှာ ဆရာမင်းသိင်္ခရဲ့ နာမည်ကြီးဇာတ်ကောင်ဖြစ်တဲ့ ဆားပုလင်းနှင်းမောင် နယ်ပြောင်းရွှေ့ခံရချိန်မှာ ဒုစရိုက်မှုတွေအုံကြွလာတာ ကနေ အစပြုတယ်။ ဒါပေမဲ့ မကြာခင်မှာပဲကိုနှင်းမောင်ပြန်ရောက်လာပြီး ဘယ်လို ပဟေဠိဆန်လှတဲ့အမှု တွေကိုဖြေရှင်းမလဲ၊ ဘယ်လိုကျွမ်းကျင်လှတဲ့ ဒုစရိုက်သမားတွေက ဒုက္ခပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ မန်ဂျီးဆိုတဲ့ ကုလားတစ်ယောက် တည်းခိုခန်းတစ်ခန်းမှာ ရက်ရက်စက်စက် အသတ်ခံထားရမှု။ ဆက်တိုက်ဆိုသလိုပဲ ကောင်းကင်နက္ခတ်ကြီး (၂၇) လုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူသတ်မှု။ ဒီအမှုတွေရဲ့ တရားခံက ဘယ်သူလဲ။ စေတနာကောင်းထားရှိတဲ့ မြန်မာတိုင်းရင်းဆေးဆရာ ဗိုက်ပူသူတော်။ တစ်ခါက သိပ်ချစ်ကြပြီး ဘဝအခြေအနေ အကြောင်းကြောင်းကြောင့် ကွဲကွာခဲ့ရတဲ့ သူတော်နဲ့ သိုးထိန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်။ မိုးပေါ်မှာ ချိုးသိန်း၊ မြေပြင်မှာ သိုးထိန်း ဆိုတဲ့ ကြွေးကြော်သံအတူ ဘာကိုမှ မကြောက်တတ်တဲ့ လူစွမ်းကောင်း သိုးထိန်း။ မိုးဇာ၊ ကျောက်ပွဲ၊ ဂေါ်ရာဆိုတဲ့ ဒိတ်ဒိတ်ကြဲ ရာဇဝင်လူဆိုးသုံးဦး။ သူတို့ သူတို့နဲ့ အင်းစိန်စီအိုင်ဒီရဲ့ ဟီးရိုး ဆားပုလင်းနှင်းမောင်တို့ရဲ့ ယှဉ်ပြိုင်ခန်းတွေက စာဖတ်သူတွေကို အစကနေ အဆုံးထိတိုင် လက်ကမချနိုင်အောင် ဆွဲဆောင်သွားမယ့် စုံထောက်ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။