ဆားပုလင်းနှင်းမောင်နှင့် ဘုမ္မာဝတီအရှုပ်တော်ပုံ

မင်းသိင်္ခ

1000 Kyats ကျပ်
ငါးထပ်ကြီးဘုရားအနီး ဇရပ်တစ်ခုမှာ တရားအားထုတ်နေတဲ့ လူကြီးတစ်ယောက်ကို သလင်းကျောက်ချွန်နဲ့ ရက်ရက်စက်စက် ထိုးသတ်ပြီး အလောင်းကထွက်တဲ့ သွေးနဲ့ နံရံမှာ ‘ဘုမ္မာဝတီ အရှုပ်တော်ပုံ’ ဆိုတဲ့ စာကို ရေးသွားတဲ့ လူသတ်မှု။ ရှေးဟောင်းလောကီဂိုဏ်းကြီးဖြစ်တဲ့ အိုးနဲ့ကြိုးဂိုဏ်း၊ ဘုမ္မာဝတီမင်းသမီးရဲ့ ရတနာသိုက်၊ အိမ်နဲ့ရာနဲ့ နေတယ်ဆိုတာ အောက်တန်းကျတဲ့ လူတွေရဲ့အလုပ်လို့ ယူဆထားတဲ့ လူထူးဆန်းကြီး ဦးမာတူး၊ ရိုးမတောကြီးထဲက ဘုမ္မာဝတီယူနီဗာစတီမှာ ယောက်ျားတို့ တတ်အပ်တဲ့ အဋ္ဌာရဿ တစ်ဆယ့်ရှစ်ရပ်ကို ပါမောက္ခတစ်ယောက်၊ ကျောင်းသားတစ်ယောက်တည်းနဲ့ သုံးနှစ်သုံးမိုး သင်ကြားခဲ့တဲ့ ဦးမာတူးနဲ့ လူကလေးအိုးထိန်း။ ဒေါင်ဒေါင်မြည်မှအိုးဆိုတဲ့ အိုးအဖွဲ့နဲ့ သုံးလွန်းတင်မှကြိုးဆိုတဲ့ ကြိုးအဖွဲ့တို့ရဲ့ ရန်ငြိုးတွေအတွက် အိုးအဖွဲ့ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ အိုးထိန်းခေါ် ဗေဒင်ဆရာမောင်ဒီရဲ့ ကလဲ့စား၊ လူသတ်တရားခံတွေကို ဖမ်းဆီးဖို့ ရိုးမတောထဲ ရောက်လာတဲ့ ဆားပုလင်းနှင်းမောင်ကို တရားခံမဖမ်းနိုင်အောင် နှောက်ယှက်ဟန့်တားခဲ့ကြတဲ့ စနေမောင်မောင်၊ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ ဘိန်းစားဘွန်ဟောင်း၊ စတဲ့ … စတဲ့ လူထူးဆန်း လူစွန့်စား ဇာတ်ကောင်များစွာ ပါဝင်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ ‘ဆားပုလင်းနှင်းမောင်နှင့် ဘုမ္မာဝတီအရှုပ်တော်ပုံ’ အမှုတွဲ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ ဒီဝတ္ထုကြီးကို အခုပဲ ဖတ်ရှုကြည့်လိုက်ပါ !