ဝန်ခံမယ် မဟုတ်လား

မင်းသရ

200 Kyats ကျပ်
အဖြူအစိမ်းဝတ် ကျောင်းသားဘဝဆိုတာ အဲဒီကာလကို ကျော်လွန် ဖြတ်သန်းခဲ့ကြပြီးသူ လူတိုင်းရဲ့ ရင်ထဲမှာတော့ လွမ်းမောဖွယ် အတိတ်ပုံရိပ်အဖြစ် တစ်သက်တာ သိမ်းဆည်းထားမိတဲ့ အချိန်ဟောင်းလေးတွေပေါ့။ ကျောင်းခေါင်းလောင်းသံ၊ စိန်ပန်းပွင့်နီနီတွေ၊ မြေဖြူနံ့ စွဲနေတဲ့ အမှတ်တရတွေ၊ ဆရာ၊ဆရာမတွေနဲ့ သူငယ်ချင်းတွေ … ဒါတွေကတော့ ကျောင်းသားဘဝကို ဖြတ်သန်းဖူးသူတိုင်းရဲ့ နှလုံးသားမှာ တွေးတိုင်း မြင်နေမိတဲ့ အကြောင်းအရာလေးတွေပါပဲ။ ဒါပေမဲ့ အထက်တန်းကျောင်းသားဘဝ၊ နုပျိုလတ်ဆတ်တဲ့ ရင်ခုန်တတ်စအရွယ်က အချစ်ဦးဆိုတာသာ သင့်မှာ ရှိခဲ့မယ်ဆိုရင် ဆရာမင်းသရရဲ့ ‘ဝန်ခံမယ် မဟုတ်လား’ ဆိုတဲ့ ဝတ္ထုလေးက သင့်ရဲ့ အိပ်မောကျနေတဲ့ အတိတ်ကို လှုပ်နှိုးပေးပါလိမ့်မယ်။ ငယ်စာရင်းမှာ သူငယ်ချင်းတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အချစ်ဦးကြောင့် အချစ်ရူးခဲ့ဖူးရင်ပဲ ဖြစ်ဖြစ်၊ ဆယ်တန်းတုန်းက အစိမ်းအဖြူလေးက အခုချိန်မှာ သူစိမ်းလူဘေးမှာ ပျော်နေပြီပဲ ဆိုဆို၊ ဒီဇာတ်လမ်းလေးက သင့်ခံစားချက်တွေကို တစ်ဖန်ပြန်ပြီး နုပျိုလန်းဆန်းသွားစေမှာတော့ အမှန်ပါ။ ဆယ်ကျော်သက်ဘဝရဲ့ ရင်ခုန်သံတွေဆိုတာ ဘယ်တော့မှ မအိုမင်းနိုင်ဘူး မဟုတ်လား။