ချစ်ရသူအတွက် သီးသန့်ရင်ခုန်သံ

မင်းသက်ထက်

200 Kyats ကျပ်
'လုပ်ချင်တာ လျှောက်လုပ်တတ်တာ ငါ့ပုံစံပဲလေ ကြည် ... ငါ ပြောင်းလဲ မသွားပါဘူး ... နင်ကသာ ပြောင်းလဲနေခဲ့တာ။ နင်နဲ့ ငါက ဘယ်လိုမှ ပေါင်းစပ်လို့ မရတဲ့ အရာနှစ်ခုပဲ ကြည်၊ ဒီအမှန်တရားကို လက်မခံနိုင်ဘဲ အတင်းနီးစပ်ဖို့ ကြိုးစားခဲ့ကြတာ နင်ရော ငါရော သိပ်ရူးမိုက်ခဲ့ကြတယ်နော်' ဆိုတဲ့ … အောင်။ ‘သူက အရင်က ကျွန်မရဲ့ အောင် မဟုတ်တော့ဘူး။ ကျွန်မ ဝမ်းနည်းရလောက်အောင် အောင် ပြောင်းလဲသွားခဲ့ပြီ။ ကျွန်မ အရင်က အောင့်ကို သိပ်လွမ်းတယ်။ အောင့်ကို ပြန်ရဖို့ဆို ဘာပဲလုပ်ရလုပ်ရ လုပ်မိမယ်ထင်တယ်’ ဆိုတဲ့ … ကြည်။ ကြည်ရဲ့ ချစ်ရသူက အောင်လား၊ ဒါမှမဟုတ် မောင်လား။ အောင်နဲ့ ချစ်ခဲ့ပြီးမှ အခြေအနေ အကြောင်းကြောင်းကြောင့် ပြတ်စဲခဲ့တဲ့ ချစ်သူဘဝမှာ ကြည့်ဘဝထဲ မောင်ဆိုတဲ့ လူတစ်ယောက် ထပ်ရောက်လာတဲ့အခါ …