နှစ်ကိုယ်ခွဲ

မင်းလူ

1000 Kyats ကျပ်
“ယောက်ျားတို့သည် အချစ်ကို မျက်စိဖြင့် ရွေးချယ်ပြီး မိန်းမတို့သည် အချစ်ကို နားဖြင့် ရွေးချယ်၏” ဆိုတဲ့ စကားပုံ တစ်ခုကို ဖော်ပြအဆိုပြုထားတဲ့ ဒီဝတ္ထုမှာ အေးမောင်ဆိုတဲ့ လုလင်ငယ်သွေးတစ်ယောက် အမှတ်မထင်ဆုံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတာက အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံလိုက်တဲ့ခဏမှာပဲ ရှားရှားပါးပါး တိုက်ဆိုင်မှုလို့ ဆိုရမယ့် အကြိုက်ချင်းတူနေကြတာ၊ သူတို့နှစ်ယောက်ရဲ့ ရုပ်ရည်တွေကလည်း ရုတ်တရက်ဆိုရင် နှစ်ကိုယ်ခွဲလားလို့ ထင်ရလောက်အောင် တူနေကြတာ စတာတွေကတော့ လှပတဲ့ ဇာတ်အိမ်တည်ဆောက်မှုပါပဲ။ အမှတ်မထင် မုန့်ဟင်းခါးဆိုင်မှာ နံနံပင်မကြိုက်တာခြင်း တူနေတဲ့ ခဏတာတွေ့ဆုံမှုဟာ အချစ်ကို မျက်စိနဲ့ ရွေး ချယ်လိုက်မိတဲ့ အေးမောင်အတွက် နေ့ရက်များစွာ ရန်ကုန်မြို့ပတ်လည် မုန့်ဟင်းခါးဆိုင်တွေမှာ သူ့ရဲ့ နှစ်ကိုယ်ခွဲလေးကို ရှာဖွေရင်း ဘယ်လိုတိုက်ဆိုင်မှုမျိုးတွေကို အချစ်နတ်ဘုရားတွေက ဖန်တီးပေးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလိုနဲ့ လှပတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် အဖြစ် မုန့်ဟင်းခါးဆိုင်က စခဲ့တဲ့ ဒီဝတ္ထုဟာ ဆရာမင်းလူရဲ့ ရသအနုပညာဖန်တီးမှု လက်ရာတွေအတိုင်း ကြည်ကြည်နူးနူး စူးစူးနင့်နင့်ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။