အမည်မဖော်လိုသူအချစ်

မင်းလူ

800 Kyats ကျပ်
ဒီဘက်ခေတ် အချစ်အဖွဲ့တွေကို ဖတ်ပြီးရင်တော့ တစ်ချိန်က အလွန်လူကြိုက်များခဲ့တဲ့ ဆရာမင်းလူရဲ့ ရိုးရှင်းတဲ့ အချစ်အဖွဲ့လေးကိုလည်း ခံစားကြည့်စေချင်ပါတယ်။ တစ်ခေတ်တစ်ခါက လူကြိုက်အများဆုံး စာရေးဆရာတွေထဲမှာ ဆရာ မင်းလူဟာလည်း ထိပ်ဆုံးက တစ်ယောက်ပါ။ အရေးရှင်းရှင်း၊ အတွေးရှင်းရှင်းနဲ့ လူ့သဘာဝကို ပေါ်လွင်အောင် ဖွဲ့နိုင်တဲ့အပြင် ဆရာ့လက်ရာတွေမှာ လောကလူ့ဝန်းကျင်ကို သရော်တော်တော် သောတတ်တဲ့ အငွေ့အသက်လေးတွေကလည်း ပါစမြဲမို့ ဖတ်မိပြီဆိုရင် လက်ကမချနိုင်တော့အောင် စွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ရိုးရှင်းတယ်လို့ ဆိုသော်လည်း အများသတိ မထားမိတဲ့ လူ့လောကထဲက ကြုံတွေ့နေကြ အကြောင်းလေးတွေကို ဆရာ့ဝတ္ထုဆုံးကာမှ “သြော်” လို့ သတိပြုခံစားနိုင်စေမိတာက ရှားပါးတဲ့ အနုပညာမြောက်မှုတစ်ရပ်ပါ။ အခုဖော်ပြပေးထားတဲ့ “အမည်မဖော်လိုသူအချစ်” ဟာ အဲဒီလို လက်ရာကောင်းတွေထဲကမှ လက်ရွေးစင်လို့ ထပ်မံ ညွှန်းဆိုလို့ရပါတယ်။ သာမန်ရပ်ကွက်ထဲက ဘဝကို ခပ်ရိုးရိုး ဖြတ်သန်းနေကြသူတွေကြား အမည်မဖော်နိုင်ကြတဲ့ အချစ်အကြောင်းကို ဖတ်ပြီးရင်တော့ စာဖတ်သူဟာ လမ်းသွားရင်း စုံတွဲတစ်တွဲ၊ ဇနီးမောင်နှံနှစ်ယောက်ကို မြင်တွေ့ရတဲ့အခါ ဒီဝတ္ထုလေးကို အမြဲတခုတ်တရ ရှိနေမှာပါ။ ဖတ်ဖူးကြသူတွေလည်း ဆရာမင်းလူရဲ့ အသစ်ထပ်မရနိုင်တော့တဲ့ အနုပညာဖန်တီးနိုင်စွမ်းကို အလွမ်းပြေအဖြစ် ထပ်မံခံစားနိုင်ကြပါတယ်နော်။