သူတို့ပျော်ကြပြီလေ

မင်းလူ

800 Kyats ကျပ်
...တချို့လူတွေရဲ့ စိတ်ထဲမှာ ‘ဘဝ’ လို့ ဆိုလိုက်တာနဲ့ ရုန်းကန်လှုပ်ရှားရတာကို ပြောတာလို့ ထင်လိုက်တတ်ကြတယ်။ တကယ်တော့ ဘဝဆိုတာ ‘ဖြစ်ခြင်း’ လို့ပဲ အဓိပ္ပါယ်ရတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ လူတော်တော်များများဟာ လူရယ်လို့ ဖြစ်လာပြီ ဆိုတာနဲ့ ရုန်းကုန်လှုပ်ရှား နေကြရတာ မဟုတ်လား။ ဒီတော့ ဘဝဆိုတာ တိုက်ပွဲတို့ ဘာတို့ အဓိပ္ပါယ် ဖွင့်ဆိုကုန်ကြတာပေါ့။ လှိုင်ထိပ်ထားဦးရဲ့ ဘဝကလား။ ရုန်းကန်လှုပ်ရှားမှုနဲ့ ဘယ်ကင်းပါ့မလဲ။ ဟုတ်တယ်လေ၊ မွေးခါစတုန်းကပေါ့။ မိခင်ဝမ်းထဲကနေ အပြင်ကို ထိုးထွက်ဖို့ ရုန်းကန်လှုပ်ရှားခဲ့ရတာပဲ။ အင်း … ဒါတစ်ခုတည်းပါပဲ။ တခြားတော့ မရှိပါဘူး။