မိညီမ

မင်းလူ

800 Kyats ကျပ်
မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်အပေါ် ချစ်မိသည်ဆိုရာဝယ် ထိုယောက်ျားလေး၏ ရုပ်အဆင်း၊ အထူးသဖြင့် ကိုယ်ကာယအခြေအနေသည် အရေးပါသော အချက်မဟုတ်ချေ။ အရည်အချင်းကို ပဓာနထားကြသည်သာများ၏။ အသေးအဖွဲကလေးများဖြစ်သော စကားပြောကောင်းခြင်း၊ ရည်းစားစာအရေးကောင်းခြင်း၊ အားကစားထူးချွန်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်သည်။ ဆယ်ကျော်သက်အရွယ်မှ စချစ်ကြသူများသည် အသေးအဖွဲကလေးများကြောင့်သာ ဖြစ်လေ့ရှိ၏။ ရင့်ကျက်သည့် အပိုင်းသို့ ကူးလာသောအရွယ်တွင်မူ ပညာတော်ခြင်း၊ စီးပွားအရှာကောင်းခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထား တည်ကြည်ခြင်းတို့ကို ကြည့်လာကြ၏။ တစ်ခါတစ်ရံ ဘာကြောင့်ဟူ၍ မည်မည်ရရ အကြောင်းရှာမရဘဲ ချစ်သွားမိသည်လည်း ရှိလေသည်။ - မင်းလူ