အနော်ရထာနှင့် တို့ဘိုးဘွားများ

မင်းယုဝေ

800 Kyats ကျပ်
စာချစ်သူတို့ရေ … ခုလတ်တလော FB ပေါ်မှာ Hot ဖြစ်နေတဲ့ ကုန်းဘောင်ခေတ် ဆွေတော်မျိုးတော်များ ဆိုတဲ့ Group က ရယ်စရာ ဒိုင်ယာလော့ခ်တွေကို ကိုယ့်ဆရာတို့ အကြိုက်တွေ့နေကြတယ် ဟုတ်။ ကုန်းဘောင်ခေတ် ဆိုပေမဲ့ တခြား ခေတ်အဆက်ဆက်က ထင်ရှားကျော်ကြားခဲ့တဲ့ ရှေးမြန်မာ ဘိုးဘွားတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ လူသိများတဲ့ ပြောစကားတွေ၊ အဖြစ်အပျက်တွေကို ဟာသဥာဏ်ရွှင်ရွှင်နဲ့ အပြန်အလှန် ပြောဆိုနေကြတာက ဖတ်တဲ့သူတိုင်း ပါးစပ်မစေ့နိုင်အောင် ရယ်နေရတာကိုးနော်။ ဒီလို လုပ်နိုင်တာကလည်း လွယ်တယ် မထင်နဲ့ဗျို့။ သူတို့ သူတို့တတွေ စာတော်တော်ဖတ်ထားတာ၊ သမိုင်းကြောင်းတွေကို လေ့လာထားတာ၊ ဗဟုသုတ စုံတယ်ဆိုတာကို သူတို့ရဲ့ ဟာသမြောက်ပြီး ပညာသားပါတဲ့ အရွှမ်းဖောက်ပုံလေးတွေက သက်သေပဲခင်ဗျ။ ကိုယ့်ဆရာတို့လည်း သမိုင်းကြောင်းတွေကို အဲဒီလို စေ့စေ့စပ်စပ် သိချင်တယ်ဆိုရင်တော့ စာအုပ်လေးတစ်အုပ်ကို ညွှန်းပြချင်တယ်။ ကျွန်တော်တို့ မြန်မာ့သမိုင်း ခေတ်အဆက်ဆက်က ထင်ရှားခဲ့တဲ့ ကျွန်တော်တို့ဘိုးဘွား ရှေးမြန်မာ ပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်းကို ဆရာမင်းယုဝေက အတ္ထုပ္ပတ္တိဆောင်းပါးဟန်နဲ့ တစ်ဦးချင်းစီအလိုက် စိတ်ဝင်စားစရာကောင်းအောင် ရေးထားသဗျ။ ပုဂံခေတ် အနော်ရထာမင်းကြီးကစပြီး တောင်ငူခေတ်အထိ ထင်ရှားခဲ့ကြတဲ့ ဘိုးဘွားတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ ဗျတ္တိ၊ စိတ်ဓာတ်၊ အားမာန်၊ စေတနာတွေကို ဆရာက နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရေးပြထားတာ တကယ်ဖတ်လို့ကောင်းတယ်ခင်ဗျ။ ဒီနေ့ခေတ်မှာ Facebook ပေါ် အလန်းစားအိုင်ဒီယာတွေနဲ့ နည်းမှန်လမ်းမှန် လူစိတ်ဝင်စားဖို့ဆိုတာ အတွေးအခေါ်၊ ဗဟုသုတ ကြွယ်ဝနေမှလည်း ဖြစ်မယ်လေ။ အဲဒီလို ဖြစ်ဖို့ကလည်း စာများများ ဖတ်ထားရမှာပေါ့နော်။ အခု ဒီစာအုပ်တစ်အုပ်ထဲမှာတင် ရှေးခေတ်ဘိုးဘွားပုဂ္ဂိုလ်ကျော်တွေရဲ့ အကြောင်းအရာ အများကြီးကို စာချစ်သူတို့ ခံစားနိုင်မှာ၊ ဗဟုသုတ ရနိုင်မှာ၊ သိရှိနိုင်မှာ ဆိုတော့ ဒီစာအုပ်လေးက စာချစ်သူတို့ လက်မလွှတ်သင့်ဘဲ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လေးအဖြစ် လက်တို့လိုက်ပါတယ်နော်။