Love Story

မင်းတခေတ်

600 Kyats ကျပ်
ဒီ အချစ်ပုံပြင် ဝတ္ထုဇာတ်လမ်းလေးဟာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့် (၂၀၀၄ - ၂၀၀၅) ခုနှစ်က မကွေးကွန်ပျူတာ တက္ကသိုလ်မှာ ကျောင်းသားလေးတစ်ဦးနဲ့ မကွေးနည်းပညာတက္ကသိုလ်မှ ကျောင်းသူလေးတစ်ဦးတို့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ လွမ်းဖို့လည်း ကောင်းတယ်။ ကြည်နူးဖို့လည်း ကောင်းသလို ဆွေးမြေ့စရာလေးလည်း ဖြစ်တယ်။ အချစ်ဆိုတာကို လေးလေးနက်နက် အဓိပ္ပါယ် ဖွင့်ဆိုတတ်ကြသူ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ ကြမ္မာ ရေစက်ဟာ ဘယ်အထိ အကြောင်းဖန် ပေါင်းဆုံပေးလိမ့်မလဲ။ ဒီစာအုပ် ဖတ်နေရင်းနဲ့၊ ချစ်ခြင်းမေတ္တာကို သက်ရှိအရာ ဝတ္ထုတစ်ခုလို တွေ့မြင် ခံစားမိအောင် ရေးဖွဲ့ပြနိုင်တဲ့ ဆရာမင်းတခေတ်ရဲ့ လက်ရာတွေကို စာချစ်သူ သိပ် သဘောကျ နှစ်သက်သွားမှာပါ။