သမီးပြည့်တန်ဆာ ၀တ္ထုတိုစုစည်းမှု

မင်းခိုက်စိုးစန်၊ ထက်မြတ်နိုင်ဇင်

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ဝတ္ထုတိုစုစည်းမှု စာအုပ်ပဲ ဖြစ်ပြီး စာအုပ်အမည်နဲ့တင် သမားရိုးကျ ဝတ္ထုတို အရေးအသား၊ အပ်ကြောင်းထပ်နေတဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကို တွေ့မှာမဟုတ်မှန်း ခံစားမိပါလိမ့်မယ်။ ‘ကျွန်မ ကေတီဗီမှာ အလုပ်လုပ်ပါတယ်ရှင်’ ၊ ‘မိန်းမဝတ် အတွင်းခံဘောင်းဘီတစ်ထည်’ ၊ ‘ကျွန်မနှင့် ချိန်းဆိုထားသော နံနက်ခင်း’ ၊ ‘သူခိုးတစ်ယောက်က သူခိုးအကြောင်း ပြောနေတယ်’ စတာတွေ အပါအဝင် မင်းခိုက်စိုးစန်နဲ့ ထက်မြတ်နိုင်ဇင်တို့ရဲ့ ဝတ္ထုတိုလက်ရာတွေက တစ်ပုဒ်ဖတ်ပြီးတိုင်း စာဖတ်သူကို အတွေးစတွေ ချန်ခဲ့ပေးပါလိမ့်မယ်။ ဝတ္ထုတို တစ်ပုဒ်စီကပေးတဲ့ ရသဟာ စာဖတ်သူရဲ့ ရင်ထဲမှာ ကော်ဖီခါးခါးတစ်ခွက် သောက်လိုက်ရသလို စွဲပြီး ကျန်နေခဲ့မှာပါ။