ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ

မင်းခိုက်စိုးစန်

800 Kyats ကျပ်
အပြောင်းအလဲမြန်သူလို့ ထင်ရအောင် နေထိုင်တဲ့ဘဝထဲမှာ ကြိုက်နှစ်သက်မှုပုံစံ ခဏခဏ ပြောင်းလဲတတ်တဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ သူ့မှာ ဆန်းသစ်တယ်လို့ပဲ ပြောမလား၊ အများနဲ့ မတူဘူးလို့ပဲ ပြောမလား လောကကို ရှုမြင်တတ်တဲ့ အတွေး။ ဒါတွေဟာ ပတ်ဝန်းကျင်အတွက်တော့ သူဟာ လူထူးဆန်းတစ်ယောက် ဖြစ်လို့နေပါတယ်။ အဲဒီလို လူငယ်တစ်ယောက်ရဲ့ ဘဝထဲမှာ ချစ်သူရည်းစားဆိုတာ တစ်ခါတလေ နာမည်တောင် မမှတ်မိလောက်အောင် အပြောင်းအလဲများတယ်ဆိုရင်လည်း သိပ်ပြီး အံ့သြဖို့ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ချားလ်စ်ဒါဝင်ရဲ့ သီအိုရီအရ လူဟာ မျောက်ကနေဆင်းသက်တာဆိုရင်၊ မျောက်ကရော ဘယ်က ဆင်းသက်တာလဲလို့ မေးခွန်းထုတ်တတ်တဲ့ အဲဒီလူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ထဲ စစ်မှန်တဲ့ချစ်ခြင်းက တသွင်သွင် စီး ဆင်းလာတဲ့အခါမှာတော့ … ။ ဒါဟာ ဆရာမင်းခိုက်စိုးစန်ရဲ့ ပိုစ့်မော်ဒန်သီအိုရီအခြေခံနဲ့ ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်တာမို့ ညွှန်းဆိုလိုက်ရပါတယ်။