ကမ္ဘာ့ သရဲ တစ္ဆေ ဝတ္ထုတိုများ

မင်းခိုက်စိုးစန်

800 Kyats ကျပ်
ဝန်ဇင်းစာဖတ်ပရိသတ်ကြီး အနေနဲ့ ‘ခွေးအူသံ’ ပါနေကျ သရဲတစ္ဆေ ဝတ္ထုတွေကို ဖတ်ရတာ နည်းနည်း ငြီးငွေ့နေပြီဆိုရင် ဒီစာအုပ်လေးကို ပြောင်းဖတ်ကြည့်ဖို့ တကယ်ကြီး တိုက်တွန်းပါတယ်နော်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်ထဲမှာ မြန်မာ့အပြင်ဘက်က ကမ္ဘာကျော် စာရေးဆရာတွေရဲ့ ဂမ္ဘီရ သရဲတစ္ဆေ ဝတ္ထုတိုတွေကို ဖတ်ရမှာမို့လို့ပါပဲ။ ကမ္ဘာ့ဝတ္ထုတိုလောကမှာလည်း ထိတ်လန့် တုန်လှုပ်ဖို့ကောင်းတဲ့၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လက်ရာမြောက် ခြောက်ခြားဖွယ် သရဲတစ္ဆေ ဝတ္ထုတွေ ရှိပါတယ်။ ဒီစာအုပ်ထဲက အချို့ကို ညွှန်းမယ်ဆိုရင် အင်္ဂလိပ်ဝတ္ထုရေးဆရာ ဂရေဟမ်ဂရင်းနီးရဲ့ ‘A little place of the Edgware Road’ ၊ ဝတ္ထုရှည်နဲ့ ဝတ္ထုတို စာရေးဆရာမကြီး အယ်လိဇဘတ်သ်ဘိုဝင်ရဲ့ ‘The Demon Lover’ ၊ ဆူဆိုက်လုပ်သွားခဲ့တဲ့ ကမ္ဘာကျော် အမေရိကန်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ်ရဲ့ ‘A Hunted House’ ၊ အင်္ဂလိပ် ဂန္ထဝင် ဝတ္ထုရေးဆရာကြီး ချားလ်စ်ဒစ်ကင်းရဲ့ ‘Signal Man’ … ပြီးတော့ အခြားအခြား စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေကို ဆရာမင်းခိုက်စိုးစန်က မြန်မာပြန် တင်ပြထားပါတယ်။ ဘယ်လိုမျိုး ထိတ်လန့်ခြောက်ခြားဖွယ် ရသမျိုး ခံစားရမလဲ ဆိုတာကတော့ ဒီစာအုပ်ကို ဖတ်ဖြစ်အောင်သာ ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်