စီမံခန့်ခွဲရေး အဆိုအမိန့်များ လီကွမ်ယု

ဘိုးဟန်(မြန်မာပြန်)

600 Kyats ကျပ်
‘အရှေ့တောင်အာရှမှာ တည်ရှိတဲ့ ကျွန်းမြို့တော်နိုင်ငံတစ်ခုဟာ ဆက်လက်တည်တံ့ဖို့ဆိုရင် သာမန်မျှဖြင့် မရနိုင်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ စည်းစည်းလုံးလုံးရှိဖို့ အကြမ်းပတမ်းခံနိုင်ဖို့နဲ့ အလိုက်သင့် ပြောင်းလဲနိုင်စွမ်းရှိကြတဲ့ လူထုဖြစ်လာအောင် အထူးတလည် ကြိုးပမ်းအားထုတ်မှုတွေ ကျွန်တော်တို့ လုပ်ကြရမယ်။ အဲဒီလူထုဟာ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေထက် အရာရာကို ပိုကောင်းပြီး ပိုဈေးသက်သာအောင် လုပ်နိုင်ကြသူတွေ ဖြစ်ရမယ်။ ကျွန်တော်တို့က ကြားခံလူအဖြစ် ဒေသတွင်းကုန်သွယ်ရေးမှာ နေရာယူထားတဲ့ ကဏ္ဍကို အိမ်နီးနားချင်းနိုင်ငံတွေက ရှောင်ကွင်းပြီး လုပ်ကိုင်လိုကြတယ်။ ကျွန်တော်တို့ကို ခေတ်ကုန်သွားအောင် လုပ်လိုကြတယ်။ ဒီတော့ ကျွန်တော်တို့က တစ်မူထူးခြားနေမှ ဖြစ်မယ်’… (တတိယမှ ပထမကမ္ဘာဆီသို့၊ စင်ကာပူဇာတ်ကြောင်း ၊ ၁၉၆၅-၂၀၀၀) ဒီစာအုပ်မှာတော့ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ စီမံခန့်ခွဲရေး အဆိုအမိန့်တွေကို အပိုင်း ကဏ္ဍ (၅) ပိုင်း ခွဲခြားပြီး ဖတ်ကြရမှာပါ။ အပိုင်း (၁) မဟာဗျူဟာ၊ အပိုင်း (၂) အသင်းအဖွဲ့၊ အပိုင်း (၃) ဆက်သွယ်ဆက်ဆံခြင်း၊ အပိုင်း (၄) အစီအစဉ်ချခြင်း၊ အပိုင်း (၅) လုပ်ကိုင်လည်ပတ်မှု အခြေခံမူများ … စတဲ့ အခန်းစဉ်တွေအလိုက် သူ့ကဏ္ဍနဲ့သူ၊ လီကွမ်ယုရဲ့ အဆိုအမိန့်ကောင်းတွေကို လေ့လာဖတ်ရှုကြရမှာ ဖြစ်ပါတယ်။