တောဘွဲ့တောင်ဘွဲ့အိပ်မက်ရာသီ

ဗျူး

800 Kyats ကျပ်
မာနနဲ့ သိက္ခာတရားတွေ ဖုံးလွှမ်းနေတဲ့အခါမျိုးမှာ ချစ်ခြင်းတရားဟာ ပုန်းကွယ် ငုပ်လျှိုးနေတတ်ပါတယ်။ ကြွယ်ဝမှုခြင်း၊ နုပျိုလှပမှုခြင်း၊ ထင်ပေါ်ကျော်ကြားမှုခြင်း တူညီနေတဲ့ လူငယ်နှစ်ဦးကြားမှာ အချင်းချင်းပြိုင်ဆိုင်နေကြတဲ့ မာနနဲ့ သိက္ခာတရားက တစ်ချိန်မှာ သင်ခန်းစာတစ်ခုကို ပေးအပ်လာပါတယ်။ အဲဒါကတော့ သူတို့နှစ်ယောက်ကြား ဖြူစင်နွမ်းပါးတဲ့ အလှတရားတစ်ခု ဝင်ရောက်လာချိန်မှာပါပဲ။ ဟုတ်ပါတယ်။ ဗျူးရဲ့ ဒီ “တောဘွဲ့တောင်ဘွဲ့ အိမ်မက်ရာသီ” ဇာတ်လမ်းဟာ မာနနဲ့ သိက္ခာတရား၊ ရိုးသားဖြူစင်မှုနဲ့ အလှတရား စတာတွေကြားက သုံးပွင့်ဆိုင်ချစ်ခြင်းတရားကို လှပစွာဖော်ကျူးလို့ … အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ် ကားအဖြစ် ဖန်တီးခဲ့ကြတဲ့ “အိမ်မက်ရာသီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မူရင်းဝတ္ထုပဲဖြစ်ပါတယ်။