စောင်းကြိုးပေါ်ကမီးလျှံ

ဗျူး

800 Kyats ကျပ်
အရာရာပြီးပြည့်စုံနေပေမယ့် လူတစ်ယောက်ရဲ့ ဘဝမှာ မထင်မှတ်တဲ့ ကံကြမ္မာရဲ့ ရိုက်ချက်တွေကိုလည်း ကြုံရ တတ်ပါတယ်။ ‘ကောင်းမင်းမြတ်’ ဆိုသူရဲ့ ဘဝမှာလည်း ချမ်းသာကြွယ်ဝခြင်းတွေနဲ့ ပြည့်စုံနေပေမယ့် မထင်မှတ်ပဲ မျက်စိနှစ်ကွင်းရဲ့ အမြင်အာရုံ ပျောက်ဆုံးခဲ့ရတဲ့ အဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။ အမှောင်ကမ္ဘာထဲမှာ ဘဝရဲ့ အလင်းရောင် ပျောက်ဆုံးသွားတဲ့ ကောင်းမင်းမြတ်အတွက် စည်းစိမ်ချမ်းသာတွေကလည်း ပျော်ရွှင်မှုကို ဖြည့်စွမ်းမပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ ခါးသီးတဲ့ အမှောင်နေ့ရက်တွေကို ဝေဒနာခံစားမှုနဲ့အတူ ကောင်းမင်းမြတ်တစ်ယောက်ဖြတ်သန်းလာခဲ့ရပါတော့တယ်။ တစ်ရက်မှာတော့ ကိုယ်ဆက်ခံပိုင်ဆိုင်ရမယ့် လုပ်ငန်းကြီးရဲ့ အခမ်းအနားတစ်ခုကို မဖြစ်မနေတက်ရောက်ခဲ့ရတဲ့ ကောင်းမင်းမြတ်ဟာ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတာကနေ ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်လာသလဲ ဆိုတာကတော့ … ။