အိပ္မက္မူးသူ

ဗျူး

800 Kyats ကျပ်
မျိုးရိုးစဉ်ဆက် ချမ်းသာကြယ်ဝလာတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ။ အဘွား၊ အမေ၊ အဒေါ်တို့ရဲ့ အုပ်ထိန်းမှုအောက် ဘဝကို ဖြတ်သန်းခဲ့သူ။ ဒါ့အပြင် တက္ကသိုလ်နောက်ဆုံးနှစ် အချိန်အထိ အုပ်ထိန်းသူများရဲ့ စကားအရ သမီးရည်းစားမထား ရင်ခုန်နှုန်းကို ဘရိတ်အုပ်ထားခဲ့သူ။ သူ့အမည်က ထိပ်တင်ကိုကို။ သူ့ကို အဘွား၊ အမေ၊ အဒေါ်တို့က အမိန့်ထုတ်ထားတဲ့ စကားက “တက္ကသိုလ်တက် နေသည့်တစ်လျှောက်လုံး ကျောင်းမပြီးမချင်း ရည်းစားမထားရ၊ မိန်းမမယူရ။ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်လျှင် မိသားစုက ပေးစားသည့် မိန်းမကိုသာ လက်ထပ်ယူရမည်” တဲ့။ ဒီလိုနဲ့ ကျောင်းပိတ်ချိန်မှာတော့ အုပ်ထိန်းသူများ တားမြစ်နေတဲ့ကြားမှာပဲ တစ်ခါတည်းသာ တောင်းခံဖူးတဲ့ အခွင့်အရေးအနေနဲ့ သူငယ်ချင်းဖြစ်သူရဲ့ မွေးရပ်ဒေသ ကျေးလက်တောရွာလေးကို အလည်အပတ် လိုက်သွားခဲ့တယ်။ ကဲ .. ဘာဆက်ဖြစ်မလဲ။ စာဖတ်သူ ထင်သလိုဇာတ်လမ်းမျိုး မဟုတ်ဘူးဆိုတာတော့ ကြိုပြောလိုက်ပါရစေနော်။