သက်ရင့်နှောင်ကြိုး

​ဗျူး

800 Kyats ကျပ်
ချစ်ခြင်းတရားမှာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေဟာ အဓိကမကျဘူးဆိုတာတော့ ချစ်သူတိုင်းသိကြမှာပါ။ "သက်ရင့်နှောင်ကြိုး" ဟာ ချစ်ခြင်းတရားရဲ့ အဲဒီနိယာမတရားကို လှပစွာဖွဲ့ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ လှပတဲ့ နိုင်ငံခြားပြန် မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့ရပေမယ့် အချစ်မရှိတဲ့ အိမ်ထောင်ရေးမှာ ထိုမိန်းမရဲ့ သူ့ဘဝထဲကနေ အဝေးကို ထွက်သွားမှုကို ဘယ်ယောက်ျားတစ်ယောက်ကများ တားဆီးနိုင်မှာတဲ့လဲ။ ဒီလိုနဲ့ အထီးကျန်ဆန်စွာ ကြွယ်ဝချမ်းသာမှုတွေကို ပိုက်ထွေးပြီး အေးစက်စက်နေထိုင်နေခဲ့ရတဲ့ ကာလများမှာ မထင်မှတ်ဘဲ မိန်းကလေးတစ်ယောက်က အဲ့ဒီယောက်ျားရဲ့ နေ့ရက်တွေထဲကို ရောက်လာခဲ့ပါတယ်။ သူမဟာ နွမ်းနွမ်းပါးပါးနဲ့ မိဘနှစ်ပါးအတွက် ရုန်းကန်နေရတဲ့ ဘဝခပ်ကြမ်းကြမ်းမိန်းကလေးပေါ့။ ဒါပေမယ့် သူမမှာ အလှတရားက ရုပ်ရည်တင်မကဘဲ ဖြူစင်ရိုးသားခြင်း ဆိုတာကပါ ထပ်တူညီ လှပနေတာမို့ နှလုံးသားအသေကြီးကို ပိုက်ထွေးထားရတဲ့ ထိုယောက်ျားအတွက် နေ့ရက်တွေထဲမှာ ထည့်တွေးစရာ ဖြစ်လာခဲ့လေတော့။ သက်ရင့်နှောင်ကြိုးရဲ့ ချစ်ခြင်းကို ပြဆိုမှုကလည်း ဒီလိုနေ့ရက်မျိုးအတွက် ချစ်သူနှစ်ဦး ရင်ခုန်စွာ ဖတ်ရှုနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။