တစ်မိုးအောက်မှာ နှင်းတွေကိုမျှားရင်း အိပ်မောကျခဲ့ကြတယ်

ဗျူး

800 Kyats ကျပ်
ဒီဇာတ်လမ်းဟာ ဒီဇင်ဘာရဲ့ ဝိသေသနဲ့အညီ တင်ဆက်လိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ ဇာတ်ကွက်အလှည့်အပြောင်း လေးတွေက စိတ်ဝင်စားဖွယ်ကောင်းမှာကို အထူးညွှန်းစရာမလိုပါဘူး။ ပြောချင်တာက ဒီဇာတ်လမ်းထဲမှာ ‘သမုဒ္ဒရာ’ ဆိုတဲ့ မိန်းမပျိုလေးနဲ့ ခပ်လန်းလန်း ယောက်ျားပျိုတစ်ယောက်တို့ရဲ့ ထင်မှတ်မထားသော ဆုံတွေ့ခြင်းကနေ ဖြစ်ပေါ်လာတဲ့ နှစ်လိုဖွယ် အချစ်ရဲ့ ဖြားယောင်းမှုပါ။ သမားရိုးကျဆန်တယ်လို့ ထင်ရတဲ့ အချစ်ဇာတ်လမ်းလေးကနေ အမှတ်မထင်ဘွားခနဲပေါ်လာတဲ့ ဗျူးရဲ့ ရသပေးပုံက စာဖတ်သူကို တသိမ့်သိမ့်ရင်ဖိုအောင် ဆွဲဆောင်နိုင်စွမ်းရှိလှပါတယ်။ ဒီဝတ္ထုကိုများ ဖတ်ပြီးရင်း ဆယ်ကျော်သက် စာဖတ်ပရိတ်သတ် နှုတ်ခမ်းနီမလေးတွေရဲ့ ဒီဇင်ဘာအိမ်မက်ထဲ ဘယ်သူများ အလည်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ … ။