တစ်ကိုယ်တော် မွေးမြူခဲ့တဲ့ သစ္စာ

ဗျူး

800 Kyats ကျပ်
ဆေးတက္ကသိုလ်ကျောင်းသူလေး လမင်းရောင်စဉ်တစ်ယောက် ဆေးကျောင်းသူ သူငယ်ချင်းတွေနဲ့အတူ ဆေးရုံမှာ သွေးလာလှူဖြစ်တဲ့ တစ်နေ့။ သွေးလှူပြီး နားနေတုန်း အန်တီကြီးတစ်ယောက်က ကျေးဇူးတင်စကား လာပြောတယ်။ လမင်းရောင်စဉ် လှူခဲ့တဲ့ သွေးကြောင့် အန်တီကြီးရဲ့သား အသက်ဆက်ရှင်ခွင့် ရခဲ့တယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လမင်းရောင်စဉ်ရဲ့ သွေးအလှူနဲ့ အသက်ဆက်ခဲ့ရတဲ့ လူနာကို သူငယ်ချင်းတွေက ဝင်လေ့လာဖြစ်ခဲ့ကြတယ်။ သျှင်ခေတ်သစ်ဆိုတဲ့ လူချောတစ်ယောက်ဆိုတာ၊ အဲဒီလူနာရဲ့ ရောဂါက ‘သလက်ဆီးမီးယား’ တဲ့။ ဒီရောဂါအမည်ကို ကြားလိုက်တိုင်း လမင်းရောင်စဉ် ရင်ထဲ နင့်ခနဲ။ လမင်းရဲ့ မမ နေမင်းရဲ့ အတိတ်ဟောင်း။ သျှင်ခေတ်သစ်နဲ့ မမနေမင်းရဲ့ ပတ်သက်မှု။ လမင်းရောင်စဉ်နဲ့ သျှင်ခေတ်သစ်တို့ရဲ့ တိုက်ဆိုင်စွာ ကြုံဆုံလာရတဲ့ ကံတရားတို့ ပေါင်းစပ်လာတဲ့အခါမှာ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချစ်ပုံပြင်တစ်ပုဒ် မွေးဖွားလာမလဲ ဆိုတာကိုတော့ …