ညနေခင်းဟာ ခရမ်းပြာလေညင်းနဲ့ အသက်ဝင်ခဲ့တယ်

ဗျူး

800 Kyats ကျပ်
❤ စိတ်ထား နူးညံ့သလို သူချစ်တဲ့သူကို အမြဲတစေဂရုစိုက်၊ ပြောသမျှ ခွင့်လွှတ်ပြီး အရိပ်တကြည့်ကြည့် နေတတ်တဲ့ ပန်းရင့် ❤ ပန်းရင့်နဲ့သာချစ်သူဖြစ်တာ တစ်ခါမှ ဂရုမစိုက်၊ ချစ်ဟန်မပြ၊ အချိန်မပေး၊ ယူဖို့အထိ စဉ်းစားထားတယ်ပြောပြီး အလုပ်ကိုသာအာရုံစိုက်တတ်သူ၊ ခန့်မှန်းရခက်တဲ့ စိတ်ဓာတ်နဲ့ မိန့်ခွန်း။ ❤ လူအကဲခတ်တော်တယ်။ ထူးချွန်တယ်။ စိတ်ဓာတ်ပြင်းထန်တယ်။ ညီမလေးကို အရိပ်တကြည့်ကြည့် ဂရုတစိုက်နဲ့ချစ်နေတတ်တဲ့ ပန်းရင့်ရဲ့အမ လရိပ်။ လရိပ်က သူ့ညီမနဲ့ မိန့်ခွန်းကို လုံးဝသဘောမတူ။ တခြားသူနဲ့ ပေးစားဖို့စီစဉ်တယ်။ ညီမဖြစ်သူကို စိတ်ချမ်းသာ စေချင်တယ်။ စာအုပ်ထဲမှာ ဒီလိုစိတ်လှုပ်ရှားစရာ တင်းမာမှုတွေအပြင် အချစ်၊ အလွမ်း၊ အမုန်းစတဲ့ ရသတွေကို အပြည့်အဝခံစားရမှာသေချာပါတယ်။ ကဲ၊ ဖတ်ကြည့်လိုက်ရအောင် !