ဆိုပါစို့ ထိုမိန်းမကို ကျွန်တော်ချစ်သည်

ဗျူး

800 Kyats ကျပ်
ဘယ်လိုအခြေအနေ ပုံစံနဲ့ပဲ ပေါင်းစည်းမှုဖြစ်ဖြစ် အချစ်စစ်တို့ သဘောမှာ အဖုအထစ်တို့ဆိုတာလည်း ရှိစမြဲပါ။ သုတနဲ့ ရွှေခေါင်ခေါင်တို့ နှစ်ယောက်ကတော့ ဆင်းရဲချမ်းသာကွာဟတဲ့ ဘဝနှစ်ခုကို ချစ်ခြင်းနဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ကြသူတွေပါပဲ။ အဲဒီလို ပေါင်းစည်းမှုမှာ ရွှေခေါင်ခေါင်ဟာ ရွှေအိမ်စံဘဝကနေ သုတရဲ့ တဲအိုရိပ်ဆီကို တိုးဝင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီအခါမှာ လူမှုစရိုက် ကွာခြားတဲ့ မိသားစုထဲ ရွှေခေါင်ခေါင်အတွက်တော့ ခက်ခဲကျပ်တည်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းရတော့တာပါပဲ။ သုတအတွက်လည်း ချစ်ခြင်းတရားနဲ့ လောကဓံရဲ့ အဆင်မပြေမှုကြား နေ့ရက်တွေက အသက်ရှုကျပ်မောပမ်းစေလှပါတယ်။ သို့ပေမယ့် သူတို့နှစ်ဦးကြားမှာ တည်ရှိနေတာက ခိုင်မြဲတဲ့ ချစ်ခြင်းတရားမို့ ဗျူးရဲ့ ဒီဇာတ်လမ်းမှာ ချစ်ခြင်းဖွဲ့တေးလင်္ကာတွေ ဖွဲ့သီမှုက ကြည်နူးဆွတ်ပျံ့ဖို့ကောင်းလှပါတော့တယ်။