ကမ်းပျောက်တဲ့ပင်လယ်

ဗျူး

800 Kyats ကျပ်
ချောမောလှပပြီး ထူးချွန်ထက်မြက်တဲ့ ခမ်းဆိုတဲ့ ဒေါက်တာသွင်ခမ်းနားတစ်ယောက် မွေးလူနာ တစ်ယောက်ကို မွေးပေးတဲ့ နေ့တစ်နေ့မှာ အူတူတူ အတတ ကောင်လေးတစ်ယောက်ကို စတွေ့ပါတယ်။ မွေးလူနာ အမျိုးသမီးရဲ့ ခင်ပွန်းအထင်နဲ့ ဆူငေါက်ခဲ့တာ တစ်ခါမက။ ဖြူနုသန့်ရှင်းပြီး ချောမောပေမဲ့ အူတူတူ အတတမို့ ဘယ်လိုမှ အထင်မကြီးနိုင်တဲ့ ကောင်လေးဟာ တကယ်တော့ မွေးလူနာရဲ့ ခင်ပွန်းမဟုတ်ဘဲ မဆီမဆိုင် သူတစ်ပါး အခက်အခဲကို ဝင်ကူညီပေးခဲ့တဲ့ လူတစ်ယောက်ဖြစ်မှန်း ဒေါက်တာခမ်း သိသွားခဲ့ချိန်မှာတော့ … ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ အသက်ငယ်ငယ်နဲ့ အပျိုဟိုင်းကြီးလို စိတ်အထင်ရောက်နေတဲ့ ဒေါက်တာခမ်းရဲ့နှလုံးသားကို အူတူတူ ကောင်လေးက ဘယ်လို ပြုစားလိုက်မလဲဆိုတာ ဆရာဗျူးရဲ့ ရင်ခုန်စရာ အရေးအသားတွေနဲ့ ကမ်းပျောက်တဲ့ ပင်လယ် အချစ်လုံးချင်း ဝတ္ထုရှည်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။