သေနင်္ဂဗျူဟာ စစ်သမိုင်း

ဗိုလ်ကြီးဘသောင်း

800 Kyats ကျပ်
မြဝတီစာပေတိုက်သည် ဗိုလ်ကြီးဘသောင်း တည်းဖြတ်ပြုစုခဲ့သည့် လက်ဝဲသုန္ဒရအမတ်ကြီး ရေးသားသော 'သေနင်္ဂဗျူဟာစစ်သမိုင်းနှင့် ဗျူဟစက္ကိပျို့' စာအုပ်ကို ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ လက်ဝဲသုန္ဒရ အမတ်ကြီးသည် ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် (၁၁၄၇) ခုနှစ်တွင် 'သေနင်္ဂဗျူဟာပျို့' ၊ သက္ကရာဇ် (၁၁၅၂) ခုနှစ်တွင် 'ဗျူဟစက္ကိပျို့' တို့ကို ပြုစုခဲ့ရာ ယခုအခါ (၂၂၄) နှစ် ရှိခဲ့ပြီ ဖြစ်ပါသည်။ ဤစာအုပ်ကို ပြန်လည်ထုတ်ဝေရာတွင် မူရင်းပျို့နှစ်စောင်ပါ စာသားများအား ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ ရှင်းလင်းချက်များကိုသာ လက်ရှိ ခေတ်သုံး သတ်ပုံသတ်ညွှန်းများနှင့်အညီ ပြင်ဆင်ပြီး တစ်အုပ်လုံး ကွန်ပျူတာစီ၍ ပြန်လည်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။