မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ

ဗိုလ်အောင်စိန်

1000 Kyats ကျပ်
မောရစ်ကောလစ် ရေးသားခဲ့တဲ့ last and first in burma စာအုပ်ကို ဘာသာပြန်ထားတဲ့ "မြန်မာ့လွတ်လပ်ရေး နောက်ဆုံးတိုက်ပွဲ" ...။ ဒီစာအုပ်ကို ဆရာဗိုလ်အောင်စိန် ဘာသာမပြန်ခင်က ဦးခင်မောင်ကြီး ဆိုသူက ပြန်ခဲ့ဖူးပါတယ်။ ထုတ်ဝေသူတစ်ဦးရဲ့ တိုက်တွန်းချက်အရ ဗိုလ်အောင်စိန်ဟာ မူရင်းစာအုပ်ရော၊ ဘာသာပြန်စာအုပ်ကိုပါ ဖတ်ကြည့်ပြီးတဲ့အခါ ဦးခင်မောင်ကြီးရဲ့ ဘာသာပြန်ချက်က ဗြိတိသျှတို့ရဲ့ အုပ်ချုပ်ရေးအာဏာ မြန်မာတွေလက်ထဲ ရောက်လာပုံကို အလေးပေးထားပြီး မူရင်းစာရေးသူကတော့ မြန်မာတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘုရင်ခံ ဆာဒေါ်နယ်စမစ်အပေါ် အထင်မလွဲစေဖို့ တင်ပြထားပါတယ်။ မူဂင်းဆရာရဲ့ အာဘော် ဘယ်လိုရှိရှိ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို လုံးစေ့ပတ်စေ့ ဘာသာပြန်သင့်တယ်ဆိုပြီး ဗိုလ်အောင်စိန်က ပြန်လည်ရေးသားခဲ့တဲ့ စာအုပ်ပါ။