ခေါင်းဆောင်များ၏ ခေါင်းဆောင်မှု

ဗိုလ်မှူးချုပ်မြင့်ကိုကို(ငြိမ်း)

800 Kyats ကျပ်
တိုင်းပြည်က မိမိနိုင်ငံ၏ လူငယ်များကို တန်ဖိုးအရှိဆုံး အရင်းအမြစ်များအဖြစ် ယုံကြည်အားထားကြသည်။ သင်နှင့်အတူ တာဝန်ထမ်းဆောင်နေကြသော လူတိုင်းသည် တစ်စုံတစ်ဦး၏ သားသမီး၊ ညီအစ်ကို၊ အဖေအမေများ ဖြစ်ကြသည်။ ၄င်းတို့တွင် ထူးခြားသော စွမ်းရည်သတ္တိများ ရှိကြပြီး စွန့်လွှတ်စွန့်စားမှုများနှင့် လက်တွေ့ စွမ်းဆောင်နိုင်မှုများလည်း ရှိကြမည်ဖြစ်သည်။ ကြီးမားသော စိတ်ရှည်သည်းခံမှု၊ ဇွဲ၊ လုံ့လနှင့် ကြီးမားသော သစ္စာတရား စသည့် စွမ်းရည်များလည်း ရှိကြသည်။ မည်မျှ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ကုန်စရာအခြေအနေများ၊ စွန့်လွှတ်စွန့်စား အန္တရာယ်များပြီး သွေးထွက်သံယိုကိစ္စများနှင့် ပင်ပန်းဆင်းရဲစေသည် အကြောင်းမဟုတ်ဘဲ ၄င်းတို့၏ အရည်အချင်းကို ပြသ၍ ၄င်းတို့အလုပ်ကို ၄င်းတို့ လုပ်ကြလိမ့်မည် ဖြစ်သည်။