ပုဂံရွှေပြည်

ဗန်းမော်တင်အောင်

1000 Kyats ကျပ်
ဥရောပနှင့် အာရှတိုက်ကြီး နှစ်တိုက်စလုံးကို ချောက်ချောက်ချားချားဖြစ်ပြီး ပြားပြားဝပ်သွားရအောင် အရှိန်အဟုန်ပြင်းပြင်းဖြင့် အင်းအားကြီးမားသော မုန်တိုင်းကြီးသဖွယ် ဝင်ရောက်မွှေနှောက်ခဲ့သည့် မောင်းဂွတ်လူမျိုးများ၊ ကမ္ဘာ့သမိုင်း၏ ၁၃ ရာစုနှစ်များကာလပိုင်းကို မောင်းဂွတ်ရာစုဟု သမိုင်းပညာရှင်များက သတ်မှတ်ရအောင်ပင် မောင်းဂွတ်လူမျိုးစုများ၏ အာဏာစက် တလျှံလျှံ တောက်ပြောင်နေချိန်မှာ ခေါင်းဆောင်ဖြစ်သူ မွန်ဂိုအင်ပါယာကြီးရဲ့ ငါးဆက်မြောက်ခန်းမင်းကြီး ကူဗလိုင်ခန် ( Kublai Khan ) နဲ့ ပုဂံရွှေပြည်ကြီးတို့ ဆက်ဆံရေး ၊ ပုဂံရွှေပြည်၏ နန်းတွင်းရေး၊ ဆင်ဖြူတော်နှင့် သင်္ချိုင်းတော်၊ ရွှေနန်းတွင်း အာဏာနိုင်ငံရေး၊ ဘုရားလည်းပြီး ပြည်ကြီးလည်းပျက် …. စတဲ့ ပုဂံရွှေပြည်ကြီးရဲ့ နေဝင်ချိန် အဖုံဖုံ … ။ ဒီစာအုပ်ထဲမှာ ပျဉ်ပြားမင်းမှ စ နရသီဟပတေ့မင်းလက်ထက် ပုဂံပြည်အခင်းအကျင်းနှင့် မြန်မာ - တရုတ် နှစ်ပြည်ထောင် ဆက်ဆံရေးအပါအဝင်၊ နောက်ဆုံးမှာတော့ အမတ်စစ်သူကြီး ရာဇသင်္ကြန်၏ အကြံအစည်နှင့် အလုပ်အကိုင်များမှာ ဘာမျှအရာမရောက်ခဲ့ဘဲ မင်းဆိုးတစ်ယောက်ကို ဖယ်ရှားပြီး အခြားမင်းညစ်တစ်ဦး၏ လက်ဝယ်ကို ပုဂံပြည်သူ၊ ပုဂံရွှေပြည်နှင့် ပုဂံမင်းဆက်များ၏ ကြမ္မာကို ထိုးအပ်ပေးခဲ့မိလျက်သား ဖြစ်ခဲ့ရပုံတို့ကို စိတ်ဝင်တစားနဲ့ ဖတ်ရှုကြရမှာပါ။