မြန်မာ့မုဆိုး

ဖိုးကျော့

800 Kyats ကျပ်
ဆရာဖိုးကျော့ရဲ့ ပင်ကိုဟန်အပြည့် ပါဝင်တဲ့ တောမုဆိုး စွန့်စားခန်းတွေကို ဖတ်ရှုဖို့ အာသာဆန္ဒ ရှိသူတွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမယ့် ဝတ္ထုကတော့ မြန်မာမုဆိုးဆိုတဲ့ တောတွင်းစွန့်စားခန်း ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မုဆိုးစွန့်စားခန်း ဆိုတဲ့အတိုင်း တောတွင်းနေ သားရဲတိရစ္ဆာန်တွေရဲ့ သဘာဝ၊ သာမန်လူတွေ မသိသေးတဲ့ တောတောင်ဗဟုသုတတွေကို ဇာတ်လမ်းနဲ့ လိုက်ဖက်ရာနေရာမှာ ထည့်သွင်းရေးသားထားတာမို့ ရသအပြင် သုတကိုပါ ရရှိနိုင်မှာပါ။ ဒီဇာတ်လမ်းမှာတော့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ဘတစ်ပြန် ကျားတစ်ပြန် အသက်လုပွဲတွေတင်မက အန္တရာယ်ကြီးလှပါတယ်ဆိုတဲ့ ရေဘုရင် မိချောင်းကြီးကို မြန်မာမုဆိုးကျော်တစ်ဦး ဘယ်လို သုတ်သင်နှိမ်နှင်းမလဲဆိုတာ ရင်တမမ ဖတ်ရှုကြရပါလိမ့်မယ်။ မုဆိုးတွေရဲ့ ဘဝ၊ သူတို့ရဲ့ ခံယူချက်၊ ရပ်တည်မှုနဲ့ ဝမ်းစာရှာဖွေရတဲ့ အလုပ်က အသက်ကို အရင်းတည်ပြီး စွန့်စားရမှုတွေနဲ့ ပြည့်နေတာမို့ ဆရာဖိုးကျော့ရဲ့ မြန်မာမုဆိုး လုံးချင်းဝတ္ထုရှည်ဟာ စာဖတ်သူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ လက်ကမချနိုင်အောင် ဆွဲခေါ်သွားမှာ သေချာပါတယ်။