ဟေမန္တ၏အလှဖျက်နွေနှင့် လက်ရွေးစင် မဂ္ဂဇင်းဝတ္ထုရှည်များ

ဖိုးကျော့

800 Kyats ကျပ်
...သစ်သီးပို့ရက် မဟုတ်ဘဲ ယခင်က မြို့ဆင်းရသော အခေါက်များကို သတိရနေသည်။ ဒေါ်အေးပန် ရှိစဉ်က အိမ်တွင် အလှူလုပ်ရန် မြို့ကို ပစ္စည်းဝယ် ဆင်းရမည်ဆိုလျှင် အလွန်ပျော်ကြသည်။ ပေါလု၏ သီချင်းသံကိုလည်း တစ်လမ်းလုံး ကြားရတတ်သည်။ ပေါလုမှာ အသံဝါကြီးနှင့် သီချင်းဆိုလည်း ကောင်းသည်။ ရပ်ကြီးသူ သီချင်းကို အော်ကြီးဟစ်ကျယ်ဆို၍ ကြုံသမျှ တွေ့သမျှ လှည်းပေါ်က မိန်းကလေးများကို စသည်။ ထိုအခါ ဘော်ဘော်က ပေါလုကို မျက်စောင်းထိုး၏။ ပေါလုကမူ အရယ်မပျက်။ သီချင်းဆိုမပျက်။ ယခုမူ သုံးယောက်သားမှာ တစ်ယောက်မှ နှုတ်မဟကြ။ စကားမပြောမိကြ။ နှုတ်ဆိတ်၍သာ လိုက်ပါလာကြ၏။ ဈေးလမ်းအကွေ့ အရောက်မှာ ဦးဩက “ဈေးထဲ မောင်းပါကွယ်”ဟု ပေါလုကို ပြောသည်။ အထည်တန်း အဆုံးတွင် လှည်းရပ်ခိုင်းသည်။ ဦးဩ အရင်ဆုံး လှည်းပေါ်က ခုန်ဆင်း၏။ “လာကြ”ဟု ပြောပြီး ဈေးသမံတလင်းပေါ် လှမ်းတက်သွားသည်။