သေရွာပြန်တို့၏ အဏ္ဏဝါခရီး

ဖိုးကျော့

800 Kyats ကျပ်
“ကျွန်တော်တို့ ခင်ဗျားတို့က ကမ်းမမြင် လမ်းမမြင်တဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ထွက်ကြရမှာ၊ သေမယ် ပျောက်မယ် ဆိုတာ …” “မင်းဟာကွာ … နိမိတ်မရှိတဲ့စကား မပြောစမ်းပါနဲ့” “ဟာ … ဘယ့်နှယ် နိမိတ်မရှိရမှာလဲ။ စစ်ထွက်ယောက်ျား၊ မြွေသမားနဲ့၊ ရေသွားခရီး၊ ဆင်စီးတမျှ၊ စိတ်ကဘယ်ခါ မချရာဘူး ဆိုတာ ရှေးလူကြီးများ အဆိုရှိတယ်လေ။ ပြီးတော့ မိန်းမဖောင်စီး၊ ယောက်ျားမီးနေ တဲ့။ ကြားဖူးတယ် မဟုတ်လား။ ခု ကျုပ်တို့ ကျားဖောင်စီးလာကြတာ” ] အပြောကျယ် အသိခက်တဲ့ မြန်မာ့ပင်လယ်ပြင်ထဲ အလုပ်လုပ်ရင်း ငါးဖမ်းရင်းနဲ့ မုန်တိုင်းမိပြီး ဆင်းရဲဒုက္ခမျိုးစုံတွေ့။ သေကံမရောက် သက်မပျောက်ဘဲ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတဲ့ မြန်မာ့ရေလုပ်သားကြီးတွေအကြောင်း အခြေခံပြီး ရေးထားတာဖြစ်လို့ ဖတ်ရတာ ဟုသုတလည်းရ စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။