လက်မည်းကြီးနှင့် ရွှေကိုကိုင်

ဖိုးကျော့

800 Kyats ကျပ်
‘လက်မည်းကြီးနှင့် ရွှေကိုကိုင်’ တဲ့။ ဘယ်လို အဓိပ္ပာယ်ပါလိမ့်ဆိုပြီး တွေးနေမိကြပြီ မဟုတ်လား။ ဒီလိုပါ။ မြို့ကြီးပြကြီးမှာ မီးသွေးဈေးတွေ အဆမတန် ထိုးတက်နေပြီဆိုတဲ့ သတင်းကြောင့် ရိုးမတောစပ်မှာ မီးသွေးဖုတ်ပြီး အသက်မွေးကြတဲ့ မီးသွေးဖုတ်သမားတွေ ပျော်ရွှင်နေကြတာပါ။ ဒီနှစ်တော့ မီးသွေးဖုတ်သမားတွေ ရွှေဖြစ်တဲ့ နှစ်ပဲဆိုပြီး ကြွေးကြော်ပျော်ပါးရင်း ဖြစ်ပေါ်လာတဲ့ နိမိတ်တဘောင်က ‘လက်မည်းကြီးနှင့် ရွှေကိုကိုင်’ တဲ့။ သူတို့ ထင်တဲ့အတိုင်းပါပဲ။ မီးသွေးဈေး ကောင်းလာတာမို့ မြို့ကကုန်သည်တွေက ရိုးမရွာတွေအထိ ဆင်းလာပြီး မီးသွေးတွေကို လက်လီလက်ကား လာဝယ်ကြတာမို့ သူတို့လည်း မီးသွေးဖုတ်တဲ့နေရာမှာ အဓိက ကုန်ကြမ်းဖြစ်တဲ့ သစ်ပင်တွေ၊ ထင်းတွေ၊ များများရဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲ့ဒီအခါ ရိုးမတောထဲဝင်ပြီး သစ်ပင်ခုတ်ကြတဲ့ လူတစ်စု ကြုံတွေ့ရတဲ့ ထူးခြားအံ့သြစရာ အဖြစ်အပျက်တွေ၊ တောမြိုင်ရဂုံရဲ့ ပရိယာယ်မာယာတွေနဲ့၊ တောတွင်း သတ္တဝါတွေရဲ့ အန္တရာယ်ဆိုးတွေက လောဘရမ္မက်သားတွေကို ဘယ်လို ဒဏ်ခတ်မလဲဆိုတာကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။