ကန္တာရမုဆိုးနှင့် ဂမ္ဘီရမြို့တော်

ဖိုးကျော့

800 Kyats ကျပ်
ရေခဲတောင်တန်းတွေပေါ်မှာ အမဲလိုက်ကျက်စားကြတဲ့ ဗာဏီနဲ့ ဗာလုတို့ မုဆိုးသားအဖ၊ ကတိုးကောင်တွေရဲ့ မိတ်လိုက်ရာသီမှာ မြေခွေးလွင်ပြင်လို့ခေါ်တဲ့ လွင်ပြင်ကျယ်ထဲ ရောက်လာကြတယ်။ ပုံမှန်အတိုင်းဆို ကတိုးကောင်တွေဟာ ဒီရာသီတိုင်း မြေခွေးလွင်ပြင်မှာ ပျော်ပါးလေ့ရှိပေမဲ့ ဒီတစ်နှစ်မှာတော့ တစ်ကောင်တစ်မြီးမှ မတွေ့ရဘူး။ ဒါနဲ့ သူတို့သားအဖလည်း မြေခွေးလွင်ပြင်ကနေ ဝံပုလွေတောင်ကြောဘက် ခရီးဆက်ခဲ့ကြတယ်။ ဝံပုလွေတောင်ကြောဘက် ရောက်တဲ့အခါ ကံကောင်းထောက်မစွာနဲ့ ကတိုးတစ်ကောင်ကို တွေ့လိုက်ရတာမို့ သူတို့သားအဖ ကတိုးနောက်ကို လိုက်ကြတယ်။ ကံဆိုးချင်တော့ ကတိုးကောင်နောက်လိုက်ရင်း ရေခဲတောင်ပြိုပြီး သားအဖနှစ်ယောက် ရေခဲစီးကြောင်းထဲ လူကွဲမျောပါသွားခဲ့တယ်။ ရေခဲတောင်ပေါ်ကနေ ရေစီးကြောင်းအတိုင်း မျောပါလာတဲ့ ဗာလုဟာ ရေတံခွန်ကြီးပေါ်ကနေ အရှိန်နဲ့ ကျပြီး သတိလစ် မေ့မျောသွားခဲ့တယ်။ သူ သတိရလာတဲ့အခါမှာတော့ ရတနာတွေ ပေါများစွာ ထွက်တဲ့ ဒေသက အိမ်တစ်အိမ်ကို ရောက်နေခဲ့ပြီ။ အဲဒီနောက်မှာတော့ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိတဲ့ ဗာလုဟာ ထူးဆန်းတဲ့ ရတနာမြို့ကြီးမှာ ဘယ်လိုမျိုး ရှင်သန်နေထိုင်နိုင်မလဲ၊ အိမ်ကိုပြန်ဖို့ ဘယ်လို ကြိုးစားမလဲ၊ အဖေဖြစ်တဲ့ ဗာဏီနဲ့ရော ပြန်ဆုံပါဦးမလား … လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်း ကြိုက်သူတိုင်း ဒီစာအုပ်ကို ဖတ်ကြည့်ပါဦးခင်ဗျ။