ကျွန်တော်တို့လူ

ဖိုးကျေ

800 Kyats ကျပ်
တောမုဆိုးစွန့်စားခန်းနဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေ အရေးများတဲ့ ဆရာဖိုးကျော့က ထူးထူးခြားခြား ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ပြန်ပါတယ်။ ဒီဝတ္ထုရဲ့ ခေါင်းစဉ်က ရိုးတယ်လို့ ထင်ရပေမဲ့ ဇာတ်လမ်းကတော့ ဆန်းပါတယ်။ ဆန်းတာမှ အတော်ကိုဆန်းတာပါ။ ဖတ်ဖူးနေကျ ဇာတ်လမ်းမျိုးကနေ လုံးဝကို ခွဲထွက်ထားတဲ့ ဖန်တီးမှုအသစ်တစ်ခုပါ။ ကမ္ဘာကြီးဟာ ရေခဲပြင်ကန္တာရအဖြစ်သာ ရှိခဲ့သေးတဲ့ ကာလ။ ကျောက်ခေတ်၊ ကြေးခေတ်မတိုင်ခင် ရေခဲခေတ်ရဲ့ လူသားမျိုးစိတ် စတင်ဖြစ်တည်ချိန်။ နေ၊ လ၊ ကြယ်၊ နက္ခတ်အပါအဝင် သစ်ပင်ခြုံနွယ်၊ ကျေးငှက်သာရကာတွေ မဖြစ်ပေါ်သေးချိန်။ သဘာဝတရားရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတစ်ခုနဲ့အတူ ရေခဲဖုံးဒေသကနေ အသက်လုပြေးလာခဲ့တဲ့ အမွေးထူ လူသားမိသားစုတစ်စု။ ဆာလောင်မှုကို ပြေပျောက်စေဖို့အတွက် ကမ္ဘာဦးငှက်ရိုင်းတွေ၊ မြင်မြင်ရာ သတ္တဝါတွေကို ထုရိုက်သတ်ဖြတ်ပြီး သွေးစိမ်းရှင်ရှင် အသားစိမ်းတွေကို ကိုက်ဖဲ့စားသောက်ခဲ့ကြပုံတွေ။ သဘာဝ အပြောင်းအလဲမှာ ထွက်ပေါ်လာတဲ့ နေ၊ လ၊ နက္ခတ်၊ သစ်ပင်၊ ကျေးငှက်နဲ့ ခြေလေးချောင်းသတ္တဝါတွေအကြား လူသားအဖြစ် ရှင်သန်ရပ်တည်ရင်း ရေခဲခေတ်ကနေ ကျောက်ခေတ်၊ ကြေးခေတ် ... စတဲ့ ခေတ်တွေအထိ ရေကြည်ရာ မြက်နုရာ ရှာဖွေခဲ့ပုံတွေကို စိတ်ဝင်စားစရာ ရေးဖွဲ့ဖန်တီးထားပါတယ်။ ဒီနေ့ ကျွန်တော်တို့ လူသားမျိုးဆက်ရဲ့ ရှေးဦးအစ လူသားတွေ အသက်ရှင်သန်ဖို့ ဘယ်လို ရုန်းကန်လှုပ်ရှား ကြိုးစားဖြတ်သန်းခဲ့ရသလဲဆိုတာကို ရသမြောက်စွာ ရေးသားထားတဲ့ ဇာတ်လမ်းဆန်းဆန်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။