ပြန်လည်တည်ဆောက်ကြမယ်

ပုဏ္ဏမီ

600 Kyats ကျပ်
ကိုယ့်ချစ်ရသူနဲ့ မိဘတွေနဲ့ တွေ့ဆုံခါနီး။ အဆင်ပြေခါနီး၊ ဘဝနှစ်ခုပေါင်းစပ်ဖို့ နီးလာခါနီးမှာ အဲဒါကိုမလုပ်နဲ့ မင်းဘဝကြီးငုတ်တုတ်မေ့သွားမယ်။ ဘာညာလာပြောရင် ယုံရခက်၊ မယုံရခက်နဲ့ သဘောကျကြမယ်မထင်ဘူးဗျ။ လဝါ လည်းဒီလိုပဲ သူ့ချစ်သူသွန်းပုံ မိဘတွေနဲ့ ဆုံမယ့်နေ့မှ သွန်းပုံရအစ်မဖြစ်သူရဲ့ ယောက်ျား ထင်ကြီးက အိမ်ကိုရောက်ချလာပြီး တတ်နိုင်ရင်မသွားပါနဲ့ အရင်ဆုံးစုံစမ်းတာတွေလုပ်ပါ။ မင်း ငါ့လိုဒုက္ခရောက်မယ်နော်ဆိုပြီး သတိပေးစကားပြောတယ်။ ယောက္ခမရော၊ မရီးရောရဲ့ ဒဏ်ကိုခံရမယ်ဆိုပြီး သတိပေးစကားလာပြောတယ်။ ဒါဆိုရင် ကိုထင်ကြီးက ဘာရည်ရွယ်ချက်နဲ့ လာပြောနေတာလဲ… သွန်းပုံအပါအဝင် သွန်းပုံတို့ မိသားစုကရောဘယ်လိုပုံစံမျိုးလဲ… ဘာတွေဆက်ဖြစ်မလဲဆိုတာ….