ကြီးပွားအောင်မြင်ရေးကျမ်း

ပီမိုးနင်း

600 Kyats ကျပ်
“စာအုပ်ပါနည်းများကို သေချာစွာမှတ်သားပြီးလျှင် အညွှန်းအတိုင်းကျင့်ပါက အဟုတ်တကယ် ဖြစ်မြောက်လျက် ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်ပါလိမ့်မည်” … ဆရာကြီး ပီ-မိုးနင်း (ပီမိုးနင်း) ဟာ မြန်မာစာပေသမိုင်းမှာ ကြီးပွားရေးလမ်းညွှန်ကျမ်းတွေ၊ လူမှုဘဝလမ်းညွှန်ကျမ်းတွေ အများအပြားကို စောလျင်ခေတ်မီစွာ ရေးသားပြုစုပေးခဲ့တဲ့ ကျေးဇူးရှင်စာပေသမားကြီးပါ။ ဆရာကြီးရဲ့ ကြီးပွားရေးကျမ်း တွေများစွာထဲမှာ ဒီကျမ်းက ပိုပြီးထူးခြားတဲ့ ကျမ်းတစ်ကျမ်းလို့ ဆိုရမှာပါပဲ။ ဟုတ်ပါတယ်။ ဆရာကြီးရဲ့ ဒီကျမ်းဟာ တွေ့မြင်နေကြ ကြီးပွားရေးကျမ်းတွေလို ငွေကြေးချမ်းသာရေး၊ လူမှုဘဝ တိုးတက်ရေးကျမ်းမျိုး မဟုတ်ဘဲ ရှေးဟောင်းဟိန္ဒူပညာရှိ သူတော်ကောင်းတွေ လေ့ကျင့် ရှာကြံ ပေါက်မြောက်ခဲ့ကြတဲ့ ထွက် သက်ဝင်သက် လေ့ကျင့်ခြင်းကို ရှာဖွေတင်ပြထားတာပါ။ အနည်းဆုံးတော့ နေ့စဉ်ပုံမှန် မဖြစ်မနေ ပြုလုပ်နေကြတဲ့ ထွက်သက်ဝင်သက် ရှုရှိုက်ခြင်းကိုပဲ သက်ရှည်ကျန်းမာ နုပျိုစေတဲ့ ဆေးဝါးကောင်းတစ်လက်အဖြစ် ပြောင်းလဲနိုင်ဖို့ လေ့လာသင့်တဲ့ တန်ဖိုးရှိ ရှားပါးကျမ်းတစ်စောင်ပါ။ တစ်ဆက်တည်းမှာပဲ ဒီကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဂမ္ဘီရဆန်ဆန် ထူးခြားဆန်းကြယ်မှုတွေကိုလည်း ဗဟုသုတတိုးပွားရအောင် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။